DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလ မြန်မာနိုင်ငံ မသွားကြရန် ၀န်ထမ်းများကို ကုလတားမြစ်
DVB
·
September 24, 2015
ရွေးကောက်ပွဲကာလ မြန်မာနိုင်ငံ မသွားကြရန် ၀န်ထမ်းများကို ကုလတားမြစ်
Donate to DVB

အနှောင့်အယှက်တွေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အတွက် ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံကို ခရီးမထွက်ဖို့ ကုလသမဂ္ဂက ၀န်ထမ်းတွေကို တားမြစ်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးဌာနက စက်တင်ဘာ ၂၂ ရက်ရက်စွဲနဲ့ ထုတ်ပြန်တားမြစ်လိုက်တာလို့ ဒီဗွီဘီက ရရှိတဲ့ ညွှန်ကြားချက်မှာ ရေးသားထားပါတယ်။

“ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားဖို့ တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုင်ရာ အဟန့်အတားတွေက မဲပေးတဲ့နေ့ကနေစပြီး နောက်ဆုံးရလဒ်ကို ကြေညာမယ့် နိုဝင်ဘာ ၂၂ ရက် အထိ ရှိလာနိုင်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

နိုဝင်ဘာ ၆-၂၄ ရက်အတွင်း အရေးမကြီးတဲ့ ကိစ္စတွေအတွက် ခရီးထွက်တာကို တားမြစ်ဖို့ လုံခြုံရေး စီမံခန့်ခွဲမှု အသင်းနဲ့ ဆွေးနွေးပြီး တာဝန်ရှိသူတွေက ထောက်ခံခဲ့ပါတယ်။

ဒီစာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအောက်က ဘေးကင်းလုံခြုံရေးဌာန အကြီးအကဲ ပီတာ သောမတ်စ်ဒါနန်က လက်မှတ်ရေးထိုးထားပါတယ်။

ကုလက မျှော်မှန်းထားတဲ့ ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်အဟန့်အတားနဲ့ ဒေသတွင်း စိုးရိမ်ပူပန်မှုတွေကို အသေးစိတ် ဖော်ထုတ်ရှင်းပြပေးဖို့ ဒီဗွီဘီက တောင်းဆိုခဲ့ပေမယ့် ကုလသမဂ္ဂကတော့ အခုထိ မတုံ့ပြန်သေးပါဘူး။

ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးဆိုင်ရာအရာရှိ ဦးအေးဝင်းက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ ဆောက်ရွက်တဲ့ တိုင်ပြည်တိုင်းအတွက် ရွေးကောက်ပွဲမှာ အနှောင့်အယှက် အဟန့်အတားဟာ အလားအလာရှိတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက ၀န်ထမ်းတွေ ဘေးကင်းလုံခြုံရေး သေချာစေဖို့ အရေးပေါ် အစီအစဉ်ကို ဆောင်ရွက်တာဟာ ကုလရဲ့ လုပ်ထုံးလုပ်နည်း ဖြစ်ပြီး ဒီကြိုတင်ကာကွယ်မှုဟာ  ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ချေရှိတဲ့ အရာတွေကို ခန့်မှန်းတာမဟုတ်ဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013