ယူရိုပါကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရှက်တာဒိုးနက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ မနေ့ညက ကစားခဲ့ရာမှာ ပဲလေ့စ်က (၃-၁) ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရသွားပါတယ်။
ပွဲစပြီး ၂၁ စက္ကန့်မှာပဲ အစ္စမေးလာဆားက ပဲလေ့စ်အတွက် အမြန်ဆုံး စံချိန်တင်ဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ရှက်တာဒိုးနက်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ကမာဒါနဲ့ လူစားဝင်ကစားသမား လာဆန်တို့က ပဲလေ့စ်အတွက် အနိုင်ဂိုးတွေကို တန်ပြန်တိုက်စစ်ကနေ ဆက်တိုက် သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ရှက်တာဒိုးနက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမဲ့ ပဲလေ့စ်နည်းပြ ဂလက်စနာရဲ့ နည်းဗျူဟာက ပိုအလုပ်ဖြစ်ခဲ့တယ်လို့ Sky sports ကဖော်ပြပါတယ်။
ဒုတိယအကျော့ကို ပဲလေ့စ်အိမ်ကွင်းမှာ ဆက်ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ မေ ၂၇ ရက်မှာ လိုက်ပ်ဇစ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။










