DVB Logo
Home
မြန်မာသတင်း
ဒယ်ကိုမိုင်း နုန်းကန်ပြို ကလေး ၁ ဦးသေ သက်ကြီးရွယ်အိုအချို့ ဒဏ်ရာရ
DVB
·
September 24, 2015
ဒယ်ကိုမိုင်း နုန်းကန်ပြို ကလေး ၁ ဦးသေ သက်ကြီးရွယ်အိုအချို့ ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ တောင်ဘက်က ဒယ်ကို (Delco mine) သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ် နုန်းကန်ပြိုကျခဲ့တာကြောင့် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားပြီး သက်ကြီးရွယ်အိုတချို့ ဆေးကုသမှုခံနေရပါတယ်။

စက်တင်ဘာ ၂၃ ရက်ည ၇ နာရီခွဲလောက်က နုန်းကန်ပြိုကျပြီး ရွာကို ပတ်စီးဆင်းနေတဲ့ ချောင်းအတိုင်း နုန်းတွေ စီးဆင်းလာတဲ့အတွက် နေအိမ် ၁၁ အိမ်လောက် ပြိုကျခဲ့ပြီး အိမ် ၄၀ လောက် ရွှေ့ပြောင်းခဲ့ရတယ်လို့ ကန်ပေါက်ရွာဒေသခံ ကိုအောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ ဒုက္ခသည် ၉၀ လောက်ကို ဗောဓိမာန်အောင်ကျောင်းမှာ စောင့်ရှောက်ထားတယ်လို့ သူက ပြောပါတယ်။

“ညကတော့ ရွာသားတွေရော လူငယ်တွေ တော်တော် ဒေါသထွက်ကြတယ်။ ရွာကျောက်တိုင်မှာ စုပြီးတော့ မန်နေဂျာကို အရေးယူပေးပါ၊ စက်ရုံကို ချက်ချင်းရပ်ပေးပါလို့ တောင်းဆိုကြတယ်။ ရဲတွေလည်း ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ နောက် တနင်္သာရီ တိုင်းဒေသကြီးက ရဲမှူးကြီးရောက်လာတယ်” လို့ ကိုအောင်လွင်က ပြောပါတယ်။

ရဲမှူးကြီးက ရွာကိုယ်စားလှယ်အဖွဲ့နဲ့ ကန်ပေါက် တွေ့ဆုံခဲ့ပြီး အချက် ၄ ချက်ကို သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံမန်နေဂျာနဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးထားပေးဖို့၊ စက်ရုံလည်ပတ်မှုကို အမှု ဖြေရှင်းပြီးသည် အထိ ရပ်တန့်ပေးထားဖို့၊ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်နဲ့မိသားစုတွေအတွက် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးဖို့နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ရွာသားတွေ တွေ့ဆုံပြီး ဒီစက်ရုံ စီမံကိန်းကို ထာဝရရပ်တန့်ပေးရေး တောင်းဆိုဖို့ ကိစ္စတွေကို သဘောတူညီခဲ့ပါတယ်။

သတ္တုတွင်းကို အစိုးရက ကုမ္ပဏီလွှဲအပ်ပေးချိန်ကတည်းက ထွက်ရှိလာတဲ့ ရွံ့တွေ၊ နုန်းတွေ ရေတွေကို စွန့်ပစ်ဖို့အတွက် နုန်းကန်ကို ရွာပတ်စီးဆင်းနေတဲ့ ချောင်းညာမှာ တည်ဆောက်ပြီး စက်ရုံက ထွက်တဲ့ စွန့်ပစ်မြေစာတွေကို ဒီနေရာမှာ စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းကတည်းက နုန်းကန်ဟာ ပြိုကျနိုင်တဲ့ အလားအလာရှိတာကြောင့် ချောင်းအောက်မှာ နေထိုင်တဲ့လူတွေ အန္တရာယ်ရင်ဆိုင်ရနိုင်လို့ ဒေသခံတွေက ကုမ္ပဏီက တာဝန်ရှိတွေနဲ့တွေ့ဆုံပြီး အရေးယူဆောင်ရွက်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိပါဘူး။

ဒီစက်ရုံကထွက်ရှိတဲ့ စွန့်ပစ် နုန်းတွေကို ရွာကိုပတ်စီးနေတဲ့ ချောင်းအတွင်း အရင်က စွန့်ပစ်တဲ့ အတွက် ချောင်းဟာ ကောလာသလို ငါးတွေလည်း မျိုးတုံးကုန်ပြီး စိုက်ခင်းတွေနဲ့ ရေချို အရင်းအမြစ်တွေ ထိခိုက်ပျက်စီးမှုတွေရှိတဲ့အတွက် ဒေသခံတွေက ဒီစီမံကိန်းကို ထာဝရ ရပ်ဆိုင်းဖို့ အလိုရှိနေပါတယ်။

ဒယ်ကိုမိုင်းကုမ္ပဏီဟာ ကံပေါက်မှာ ၂၀၁၀ ပြည့်နှစ်လောက်ကနေ စတင်လုပ်ကိုင်ခဲ့ပြီး  မြေဧက ၂၀၀၀ ကျော်မှာ ခဲမဖြူ၊ အဖြိုက်နက် ဆက်စပ် သတ္တုတွေကို ရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013