DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် မြေးအဖွား ၂ ဦး ခေါင်းဖြတ်သတ်ခံရ
DVB
·
September 24, 2015
သီပေါမြို့နယ်တွင် မြေးအဖွား ၂ ဦး ခေါင်းဖြတ်သတ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုတွင်းမှာ ကားလမ်းပြုပြင်ရေးလာ လုပ်နေတဲ့ မိသားစုထဲက မြေးအဖွားနှစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။

နမ့်လန်ကျေးရွာရဲ့ အနောက်တောင်ဘက် ၆ မိုင်အကွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က  လမ်းခင်းလုပ်သားမိဘတွေ အလုပ်သွားနေစဉ် တဲစောင့်ကျန်ရစ်ခဲ့တဲ့ မြေးအဖွား နှစ် ဦးကို လူတဦးက လာရောက်သတ်ဖြတ်သွားတာလို့ နမ့်လန်နယ်မြေရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ ၀င်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြေးအဖွား ၂ ယောက်လုံး လည်ပင်းပြတ်ပြီး သေဆုံးပါတယ်။ သတ်တဲ့သူကို အဲဒီ အခင်းဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာဘဲ ၀ိုင်းပြီးဖမ်းမိတယ်။ နာမည်က အားဖူးတဲ့၊ အသက်က ၃၇ နှစ်၊ သတ်ရတဲ့အကြောင်းရင်းကိုတော့ လောလောဆယ် စစ်ဆေးနေတုန်းမို့ ပြောလို့ မရသေးပါဘူးခင်ဗျာ။ ဒါပေမယ့် သူ့ကိုတော့ ရဲစခန်းက  ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အရေးယူထားပါတယ်။”

သေဆုံးသူ မြေးအဖွားနှစ်ဦးမှာ ဒေါ်ကျန် ၆၀ နှစ် နဲ့ မောင်ဖိုးထင် ၁ နှစ်ခွဲတို့ဖြစ်ကြပြီး  မြန်မာပြည်အလယ်ပိုင်း မြစ်သားမြို့က လာတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်လန်ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းတင်ဝင်းကတော့ အားဖူးဟာ ရာဘမူးယစ်ဆေးကြောင်ပြီး သတ်သွားတာလို့  ဆိုပါတယ်။

“မူးယစ်ဆေးကြောင်ပြီး သတ်သွားတာလို့  မျက်မြင်တွေက ပြောကြတယ်ခင်ဗျ။ ကျနော်လည်း အဲဒီနေ့က ဟိုခိုက်ကျေးရွာဘက်မှာ ပါတီမဲဆွယ်စည်းရုံးရေးဆင်းပြီး အဲဒီဘက်ကနေ ဖြတ်ပြန်လာတယ်။ နာရီဝက်လောက်ပဲကြာတယ်၊ လူသတ်မှုဖြစ်တယ်လို့ ကြားရတာပဲ။ သတ်တဲ့လူကို လမ်းခင်းလုပ်သားတွေ ၀ိုင်းပြီးဖမ်းကြ၊ ရိုက်ကြတာ တော်တော်ဒဏ်ရာရပြီး နမ့်လန်ဆေးရုံကို ခေါ်သွားတယ်လို့ ပြောတယ်။”

လတ်တလော နမ့်လန်ဒေသထဲမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တော်တော်များကြောင်း၊ တခြားဒေသက မူးယစ်ဆေးစွဲတဲ့သူတွေကိုလည်း အဲဒီဘက်မှာ လာပစ်ထားကြ တာရှိတဲ့အတွက် ရပ်ထဲရွာထဲမှာ ပစ္စည်းပျောက်မှု၊ ခိုးမှုတွေ မကြာခဏဖြစ်ပွားနေကြောင်း၊ ဒီလိုဖြစ်နေတာ ၅ လကျော် ၆ လလောက် ရှိပေမယ့် သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးမယူပေးနိုင်သေးဘူးလို့  ဦးစိုင်းတင်ဝင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013