DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးဒဏ်ခံ ပြည်နယ်တိုင်း ၅ ခုကို မဲစာရင်းကြေညာသည့်ရက် ထပ်တိုး
DVB
·
September 24, 2015
သဘာဝဘေးဒဏ်ခံ ပြည်နယ်တိုင်း ၅ ခုကို မဲစာရင်းကြေညာသည့်ရက် ထပ်တိုး
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သဘာဝဘေးကြုံတွေ့နေရတဲ့ ပြည်နယ်တိုင်း ၅ ခုက မြို့တချို့မှာ  မဲစာရင်းကြေညာထားတဲ့ရက် တိုးပေးလိုက်ပါတယ်။

ချင်းပြည်နယ်၊ မတူပီ၊ ဟားခါးနဲ့ တွန်းဇံတို့မှာ အောက်တိုဘာ ၁၀ ရက်ထိ။ စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့တို့မှာ အောက်တိုဘာ ၂ ရက်ထိ။ မကွေးတိုင်း၊ စေတုတ္တရာမှာ အောက်တိုဘာ ၄ ရက်ထိ။ မန္တလေးတိုင်း၊ မြင်းခြံမှာ အောက်တိုဘာ ၄ ရက်ထိ။ ဧရာဝတီတိုင်း၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်တို့မှာ အေက်တိုဘာ ၄ ရက်ထိနဲ့ အင်္ဂပူမှာ အခုလ ၃၀ ရက်ထိ အသီသီးသီး တိုးပေးလိုက်တာပါ။

မြန်မာပြည်တ၀န်း မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်ထိ ကပ်ပေးထားပြီး မဲစာရင်းမှာ မိမိနာမည် ပါ မပါ သွားကြည့်ကြဖို့ ကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ၊ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့က နှိုးဆော်နေကြပါတယ်။

မဲစာရင်းမှားယွင်းမှုများလို့ ပြည်ထောင်စုရွေးကောက်ပွဲအပေါ် ဝေဖန်မှု မြင့်တက်နေပြီး အတိုက်အခံ အန်အယ်လ်ဒီပါတီက မဲစာရင်းမှားတာများလို့ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ မကြာသေးခင်က ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013