DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ အန်အယ်လ်ဒီ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရ
DVB
·
September 23, 2015
ကန့်ဘလူ အန်အယ်လ်ဒီ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အန်အယ်လ်ဒီပါတီ မဲဆန္ဒရှင် ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရတဲ့အတွက် ဥပဒေနဲ့အညီ တုံ့ပြန်သွားမယ်လို့ ကန့်ဘလူ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဒေါက်တာလှိုင်မြင့်ဟန်က ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအနီးရှိ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရတာလို့ သူက ပြောပါတယ်။

“ဒီမနက် ၆ နာရီခွဲလောက်မှာ ကန့်ဘလူမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ထန်းကုန်းကျေးရွာမှာ ဥက္ကဋ္ဌပုံရယ် ကျနော်တို့ ကိုယ်စားလှယ်လောင်း ၃ ယောက်ပုံနဲ့ ၉ ပေ၊ ၅ ပေ ဆိုင်းဘုတ်ကို အခိုင်အမာထောင်ထားတာ ဆုတ်ဆွဲပစ်တယ်။ တခြမ်းက အပေါ်မှာ ကျန်ပြီးတော့ တခြမ်းက အောက်ကို ပြုတ်ကျနေတယ်။ မနေ့ညက မိုးလည်း မရွာ လေလည်းမတိုက်ဘူး၊ လူတွေ ဖျက်ဆီးတာ။”

[caption id="attachment_113229" align="alignright" width="960"]မဖျက်ဆီးခံရမီက ဆိုင်းဘုတ် (ဓာတ်ပုံ -Hlaingmyint Han) မဖျက်ဆီးခံရမီက ဆိုင်းဘုတ် (ဓာတ်ပုံ -Hlaingmyint Han)[/caption]

မြို့နယ်ဥပဒေရေးရာအဖွဲ့နဲ့ တိုင်ပင်ပြီး သက်ဆိုင်ရာရဲစခန်းမှာ အမြန်ဆုံးအမှုဖွင့်သွားဖို့ လုပ်ဆောင်နေတယ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာလည်း အလားတူ ဖျက်ဆီးခံရတယ်လို့လည်း ပြောပါတယ်။

[caption id="attachment_113231" align="aligncenter" width="720"]12004922_779469832198152_8369360986789671227_n ဖျက်ဆီးခံခဲ့ရသည့် အန်အယ်လ်ဒီ ဆိုင်းဘုတ် (Hlaingmyint Han)[/caption]

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အာဏာရပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီကိုယ်စားလှယ်နဲ့အတူ ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်း ၅ ယောက် ၀င်ပြိုင်ကြဖို့ ရှိပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၉၀ ကျော်မှာ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013