DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့များ ပါဝင်နိုင်မည့်ကဏ္ဍ ဆွေးနွေး
DVB
·
September 23, 2015
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့များ ပါဝင်နိုင်မည့်ကဏ္ဍ ဆွေးနွေး
Donate to DVB

လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့ ပြည်နယ် ၃ ခုနဲ့ တိုင်း ၁ ခုက ကိုယ်စားလှယ်တွေ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အကျယ်တ၀ံ့ဆွေးနွေးနေကြပါတယ်။

အဓိက တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းက အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးနေတယ်လို့  ဆွေးနွေးပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုစီအစဉ်ရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ ကိုကြည်ဇော်လွင်က ဒီဗွီဘီကိုပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍပေါ့လေ၊ တကယ်လို့ အန်စီအေ (တပြည်လုံးအပစ်ခတ်ရပ်စာချုပ်) လက်မှတ်ထိုးပြီးသွားရင် ထိုးပြီးတဲ့နောက်ပိုင်းမှာ ဘာတွေလုပ်ကြမလဲ၊ လက်မှတ်မထိုးဖြစ်ခဲ့ရင် ဘာတွေလုပ်ဖို့လိုမလဲ စတာတွေ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ မဆွေးနွေးခင် ပထမနေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ကြား တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့ နောက်ဆုံးရအခြေအနေ၊ ပြည်နယ်နဲ့တိုင်းတခုလုံးက အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်နိုင်မယ့်အခြေအနေ၊ နိုင်ငံရေးတွေ့ဆုံဆွေနွေးမှု၊ ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေးပွဲ၊ အရပ်သားအနေနဲ့ အပစ်ခတ်ရပ်စောင့်ကြည့်လေ့လာမှု အခြေအနေ၊ တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်များ စတဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းပြည်ပပညာရှင်တွေက ဆွေးဆွေနွေးပါတယ်ခင်ဗျ။”

ဦးဆောင်ဆွေးနွေးသူတွေထဲမှာ တပြည်လုံး အပစ်ခတ်ရပ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တာဝန်ပေးထားတဲ့  အဆင့်မြင့်ကိုယ်စားလှယ် SD အဖွဲ့ဝင် နော်စီဖိုးရာစိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊  နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဆိုင်ရာပညာရှင်  ဒေါ်သီတာသန့်၊  အင်ဒိုနီးရှားနိုင်ငံ နဲ့ ယူအန်ဒီပီက ပညာရှင်တွေပါ ပါဝင်ပြီး မွန်ပြည်နယ် စီမံနဲ့စီးပွားဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက အိမ်ရှင်အနေနဲ့ ကြိုဆိုမိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နိုင်မလဲ ဆိုတဲ့အချက်တွေကိုတော့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ်။

ဆွေနွေးပွဲကို  မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ  စက်တင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ  ၃ ရက်တာ ကျင်းပနေတာဖြစ်ပြီး ပြည်နယ် ၃ ခု တိုင်းဒေသကြီး ၁ ခုက အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ စိတ်ပါဝင်စားသူတွေပါ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013