DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသည်များ အကြိမ်ကြိမ် ၀င်ထွက်ခွင့် ၆ လ ဗီဇာပေးမည်ဟု ထိုင်းအစိုးရထုတ်ပြန်
DVB
·
September 23, 2015
ကမ္ဘာလှည့်ခရီးသည်များ အကြိမ်ကြိမ် ၀င်ထွက်ခွင့် ၆ လ ဗီဇာပေးမည်ဟု ထိုင်းအစိုးရထုတ်ပြန်
Donate to DVB

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တဲ့အနေနဲ့ရော ထိုင်းနိုင်ငံရဲ့ဝင်ငွေတိုးမြှင့်မှုပါ ဆောင်ရွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသည်တွေကို အကြိမ်ကြိမ် ၀င်ထွက်ခွင့်ဗီဇာ (Multiple Entry Tourist Visa) ၆ လ ပေးမယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက  ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီအစီအစဉ်အရ နိုင်ငံခြားက ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာပြီး   အကြိမ်ကြိမ် ၀င်ထွက်ခွင့်ခရီးသွားဗီဇာကြေး ဘတ် ၅ ထောင် ပေးဆောင်ထားပါက ၆ လနေ ထိုင်ခွင့်ဗီဇာ ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့်  ထိုင်းနိုင်ငံမှာ ၆ လလုံး ဆက်တိုက်နေထိုင်ရမှာ မဟုတ်ဘဲ ရက်ပေါင်း ၆၀ (၂ လ) ပြည့်ပြီးတိုင်း အထွက်အ၀င်ပြန်ပြကာ ၆ လတာ နေထိုင်ခွင့်ရရှိမျာ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်သက် ၀င်ဆောင်ရွက်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  စက်တင်ဘာ ၂၁ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား နဲ့  ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး အနုဖုန်း ဖောင်ကျင်းတားတို့က စာအမှတ် ၂၉/၂၅၅၈ နဲ့  ပြည်ထဲရေးရာဥပဒေမှာ လက်မှတ်ရေးထိုးပေး လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ရာမှာ  ဌာနဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ ခွန်ရာ့ခ်ျနီးက အခုလိုဖြေကြားပါတယ်။

“အဓိကကတော့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဘဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကလာတဲ့ ခရီးသွားဧည့်သည်ဖြစ်ဖြစ် METV  (Multiple Entry Tourist Visa) ဗီဇာရထားပြီးရင် ရက်ပေါင်း ၆၀ နေပြီးတာနဲ့ နိုင်ငံကနေ ခနပြန်ထွက်ရမယ်။ အဲဒီလိုထွက်ရာမှာ မိမိနိုင်ငံကိုပဲဖြစ်ဖြစ်၊ အခြားနိုင်ငံတခုခုဘဲဖြစ်ဖြစ် လေကြောင်းကနေရော၊ နယ်စပ်လမ်းကြောင်းတွေကနေပါ သွားလို့ ရတယ်။ သွားပြီးပြန်ဝင်လာရင် အ၀င်တံဆိပ်တုံးဗီဇာ ပြန်ထုပေးမှာဖြစ်တယ်။ ၀န်ဆောင်ခလည်း နောက်ထပ်ပေးစရာမလိုပါဘူး။ ထိုင်းနိုင်ငံကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013