DVB Logo
Home
မြန်မာသတင်း
၉ လကျော်အတွင်း စစ်တပ် ဖမ်းဆီးခံရသူ ၂၆၀ ကျော် သေဆုံး
DVB
·
September 26, 2026
Photo: AAPP  
Photo: AAPP  
Donate to DVB

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၅ ရက်အထိ ၉ လကျော်အတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၂၆၀ ကျော် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ 

အဲဒီထဲက အမျိုးသမီး ၂၁ ယောက်နဲ့ အမျိုးသား ၈၅ ယောက်၊ စုစုပေါင်း ၁၀၆ ယောက်ရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေး ၁၇ ယောက် ပါဝင်ကာ မကွေးတိုင်းမှာ ၃၇ ယောက်နဲ့ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ 

နောက်ထပ် သေဆုံးသူ ၁၅၅ ယောက်ရဲ့ အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ဖို့ လုပ်ဆောင် နေတယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သေဆုံးသူတွေထဲမှာ ဩဂုတ် ၂၅ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပါဒိုစီရန်းမန် (Pa Do Sian Mang) လည်းပါပြီး ကုန်ပစ္စည်းတွေ ပို့ဆောင်ချိန်မှာ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံခဲ့ရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

သူဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟေလေးကျေးရွာက ဒေသခံတယောက်ဖြစ်ပြီး ကလေးမြို့မှာ အငှားယာဉ်မောင်းလုပ်ကိုင်နေသူဖြစ်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013