DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြောင့် ချင်းပြည်နယ်မဲဆွယ်စည်းရုံးမှု အခက်အခဲဖြစ်နေ
DVB
·
September 22, 2015
သဘာဝဘေးကြောင့် ချင်းပြည်နယ်မဲဆွယ်စည်းရုံးမှု အခက်အခဲဖြစ်နေ
Donate to DVB

ရွေးကောက်ပွဲနီးလာတာနဲ့မျှ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးလုပ်ဆောင်နေကြရာမှာ ပြီးခဲ့တဲ့ လပိုင်းက သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ချင်းပြည်နယ်တွင်း  မဲဆွယ်စည်းရုံးရေး အခက်အခဲတွေရှိနေတယ်လို့ ပါတီတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ် ၃၉နေရာစလုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကတော့ မဲဆွယ်စည်းရုံးရာမှာ လမ်းပန်းဆက်သွယ်ရေးအပါအ၀င် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး  ပါတီအတွင်းရေးမှူး ၁ ဆလိုင်းထီယံအုပ်ထန်က ရှင်းပြပါတယ်။

“အဓိကက သဘာဝ ဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေးပျက်စီးသွားတာ တရွာနဲ့ တရွာသွားဖို့ လာဖို့ အရင်လိုမလွယ်ကူတော့ဘူး။  နောက်ပြီး ပြည်သူလူထုထဲမှာ ရွာပြောင်းရွှေ့ရတော့မယ့် အခြေအနေအထိရှိနေတဲ့အပေါ်မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေအပေါ်မှာပဲ လုံးပန်း နေရတဲ့အတွက် ဒီရွေးကောက်ပွဲအပေါ်မှာ စိတ်ပါဝင်စားမှုက အရင်ကထက်ပိုနည်းသွားတယ်။ ဒါက အဓိက အခက်အခဲတွေပေါ်လေ။”

ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီအနေနဲ့  “မျှော်လင့်ချက်ဖြင့် နိုးထားလော့” ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်စွဲ ထားပြီး ပါတီရဲ့မူဝါဒကတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လူနည်းစုတိုင်းရင်းသားများ အခွင့်အရေးကာကွယ်သည့် ဥပဒေရေးဆွဲရေးစတဲ့ အချက်တွေကို ဦးတည်ထားတယ်လို့လည်း ဆလိုင်းထီယံအုပ်ထံက ပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဟာ ချင်းပြည်နယ်အပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ၀င်ပြိုင်ဖို့ရှိပြီး နေရာစုစုပေါင်း ၅၅ နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါ တယ်။

နောက်ထပ်ချင်းတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ချင်းပြည်နယ် တွံဇံ၊ တီးတိန်၊ ဟားခါး နဲ့ စစ်ကိုင်းတိုင်း ကလေးမြိုနယ်က မဲဆန္ဒနယ် ၁၂ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီ ဗဟိုကော်မီတီဝင် ဦးကျင့်ဆွမ်းမန်က ပြောပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ တိုင်းရင်းသားအခွင့်အရေးရဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်တည် ထောင်နိုင်ဖို့ မူဝါဒချထားပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးရာမှာလည်း လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ကြုံတွေ့ရတဲ့ပြသနာနဲ့ ပတ်သက်ပြီး ဦးကျင့်ဆွမ်းမန်က “အဓိကကျတော့ ကျနော်တို့ဒီ မိုးတွင်းဖြစ်တဲ့အခါကျတော့ ချင်းပြည်နယ်က အားလုံး သိတဲ့အတိုင်းပဲ တံတားတွေအကုန်လုံး ပျက်တယ်။ လမ်းတွေ အကုန်လုံးက ပျက်တဲ့အခါကျတော့ ကျနော်တို့က အခက်အခဲဖြစ်တယ်။ ဘယ်ဒေသမဆို သွားတဲ့ အခါမှာ ဆိုင်ကယ်ပဲအသုံးပြုရတယ်။ ကားအသုံးပြုလို့မရဘူး။ ကျနော်တို့အတွက် အရမ်းလည်း စိတ်ဓါတ်ကျဖို့ကောင်းတယ်။ ဒါပေမယ့် ကျနော်တို့က ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ချင်တဲ့ အခါကျတော့ အဲဒီဒဏ်ကိုခံပြီး ကြိတ်မှိတ်ပြီး သွားလုပ်နေရပါတယ်။ ”

ချင်းပြည်နယ်ထဲမှာ ၀င်မပြိုင်ဘဲ ချင်းပြည်နယ် ပြင်ပမှာပဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် အရှိုချင်းအမျိုး သားပါတီကလည်း ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အပါအ၀င် မူဝါဒ ၃ ခုကို ချမှတ်ထား တယ်လို့ ပါတီခေါင်းဆောင် ဆလိုင်းအောင်မင်းလှိုင်က ပြောပါတယ်။

“အခြေခံ မူဝါဒအနေနဲ့ကတော့ ၃ ခုရှိပါတယ်။ နိုင်ငံရေးမှာ ဒီမိုကရေစီကျင့်သုံးဖို့၊ စီးပွားရေးမှာ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးဖို့နဲ့ နောက်တချက် ဖယ်ဒရယ်ပြည်ထောင်စုပေါ့။ တိုင်းရင်းသား တွေ တန်းတူအခွင့်အရေးတွေရတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုပြီးတော့ အခြေခံ မူပါဒကြီး ၃ ရပ်ရှိပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ လွှတ်တော်ထဲမှာ ဆောင်ရွက်သွားဖို့ ပေါ့လေ။ ”

အရှိုချင်းအမျိုးသားပါတီ အနေနဲ့ အရှိုချင်းတွေနေထိုင်ရာဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နဲ့ မကွေးတိုင်း ငဖဲ မြို့နယ်တွေ အပါအ၀င် မဲဆန္ဒနယ် ၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ချင်းမျိုးနွယ်စု ပါတီတွေကတော့ ခူမီး(ခမီး) အမျိုးသားပါတီ၊   ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်း အမျိုးသားပါတီ၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013