DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၀၇၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
September 22, 2015
ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၀၇၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ၃၀၀ ကျော် အပါအ၀င် နိုင်ငံရေးပါတီ ၉၁ ပါတီက ကိုယ်စားလှယ်လောင်း ၆၀၇၄ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံး စိစစ်အတည်ပြုစာရင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ၁၇၄၅ ဦး၊  အမျိုးသားလွှတ်တော်အတွက် ၈၈၆ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃၄၄၃ ဦး စုစုပေါင်း ၆၀၇၄ ဦးတို့က  တနိုင်ငံလုံးရှိ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ်မှာ အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။

မူလက ကော်မရှင်မှာ အမည်စာရင်းတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၆၁၈၉  ဦးရှိတဲ့ အနက် ကိုယ်စားလှယ်လောင်းအရည်အချင်းမပြည့်မီဘဲ နိုင်ငံသားဖြစ်မှုအပါအ၀င် ဥပဒေနဲ့ ငြိစွန်းလို့ ပယ်ချခံရသူ ၇၅ ဦး၊  ပြန်နုတ်ထွက်သွားခဲ့သူ ၃၉ ဦးနဲ့ သေဆုံးသွားသူ ၁ ဦး ပေါင်း၁၁၅ ဦးရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

အာဏာရကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ၁၁၃၀ ဦးစီနဲ့ ကိုယ်စားလှယ်အများဆုံးဝင်ပြိုင်ဖို့ရှိပြီး  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ အမျိုးသား တိုးတက်ရေးပါတီနဲ့တို့ကလည်း ကိုယ်စားလှယ်လောင်း တွေရာနဲ့ချီပြီး အများအပြားဝင်ပြိုင်ကြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးကော်မရှင်မှာ တင်သွင်း ခဲ့တဲ့အထဲမှာ ၈ ဦးပယ်ချခံရပြီး ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းတွေကတော့ ပယ်ချခံရခြင်းမရှိပါဘူး။

နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲအတွက် နိုင်ငံတ၀န်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော်ရှိပြီး မဲစာရင်းတွေကိုတော့ စက်တင်ဘာ ၁၄ မှ ၂၇ ရက်ထိ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ကြေညာကပ်ထားပြီးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၃၇ ပါတီက ကိုယ်စားလှယ်လောင်း အရည်အတွက် ၃၀၇၁ ဦး ၀င်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက အများစုနဲ့အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013