DVB Logo
Home
Lead Story
အခြေခံဥပဒေပြင်ဆင်ပြီးရင် ပြည်သူ့လိုလားချက်တွေ အားလုံးလုပ်ဆောင်နိုင်မယ် - နန်းစမ်းစမ်းအေး (ကျားခေါင်းပါတီ)
DVB
·
September 22, 2015
အခြေခံဥပဒေပြင်ဆင်ပြီးရင် ပြည်သူ့လိုလားချက်တွေ အားလုံးလုပ်ဆောင်နိုင်မယ်  - နန်းစမ်းစမ်းအေး (ကျားခေါင်းပါတီ)
Donate to DVB

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပြီးရင် ပြည်သူတို့ရဲ့ လိုလားချက်တွေအတိုင်း အားလုံး လုပ်ဆောင် နိုင်မယ်လို့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းစမ်းစမ်းအေး ခေါ် နန်းစမ်အင်း က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ ၀င်ရောက်အရွေးခံမယ့် နန်းစမ်းစမ်းအေး ခေါ် နန်းစမ်အင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံရေးလောကထဲ ၀င်ရောက်လာရတဲ့ အကြောင်းရင်းကို ပြောပြပါ။

“ကျားခေါင်းပါတီရဲ့ ရည်မှန်းချက်ကို နှစ်သက်လို့ပါ။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် ဘယ်ကိစ္စမဆို အခြေခံဥပဒေပြင်ဆင်ရေးက အဓိကအကျဆုံးလို့ မြင်ပါတယ်။ တိုင်းရင်းသားတန်းတူညီမျှမှု မရှိတာ၊ ဖွံ့ဖြိုးမှု နောက်ကျနေတာတွေဟာ  ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်ဆိုရင် အားလုံးပြေလည်သွားမယ်လို့ မြင်ပါတယ်။”

မဲဆွယ်စည်းရုံးရေး အတွေ့အကြုံကို ပြောပြပါ။

“ဟုတ်ကဲ့။ ကျမအနေနဲ့ သီပေါမြို့နယ်က ကျေးလက်တောရွာတွေကို အရင်သွားပါတယ်။ နမ့်မ ကျေးရွာအုပ်စုနဲ့ နမ့်အွန်ကျေးရွာ အုပ်စုမှာပါ။ အစပိုင်းတော့ ကျမဟာ အမျိုးသမီးလည်းဖြစ် လူငယ်လည်း ဖြစ်တော့ ကိုယ့်ကို အားပေးပါ့မလားဆိုပြီး စိုးရိမ်မှုတော့ ရှိပါတယ်။ ဒါပေမယ့် ရွာရောက်တော့ နေရာ ၂ ခုလုံးမှာ ရွာသားတွေရဲ့ ကြိုဆိုအားပေးမှုကို တွေ့ရတော့ အားတက်မိတယ်။ ကျမတို့လည်း ပါတီ ရည်ရွယ်ချက်၊ ပါတီသဘောထားတွေ ရှင်းပြပြီး မဲထည့်ပုံထည့်နည်းတွေ ပြသပေးခဲ့ပါတယ်။”

အဲဒီရွာမှာ ရွာသားတွေရဲ့ လိုလားချက်က ဘာလဲ ။ အနိုင်ရရင် ဘာလုပ်ပေးမှာလဲ။

“သူတို့ကတော့  ဖွံ့ဖြိုးရေးပေါ့၊ လမ်းကောင်းကောင်း ဖောက်ပေးစေချင်တယ်၊ ပြင်ပေးစေချင်တယ်။ တခြား ပညာရေး၊ ကျန်းမာရေး အစစဖွံ့ဖြိုးရေးပေါ့နော်။ ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲကြတဲ့ ပြဿနာတွေ လည်း ရှိနေပါတယ်။ ကျမအနေနဲ့တော့ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပါတီရည်မှန်းချက်ကြီးဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်ပြီး တန်းတူညီမျှတဲ့အခွင့်အရေးတွေ ရရှိရင် အဲဒီကိစ္စတွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာက တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ မြင်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အဓိက ဖြစ်ပါတယ်။”

ကိုယ်ရေးရာဇ၀င် အကျဉ်းပြောပြပါလား။

“ကျမ မွေးသက္ကရာဇ်က  ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ပါ။ သီပေါမြို့နယ် နောင်ကော်ကျေးရွာ ဇာတိ ဖြစ်ပါတယ်။ မိဘ ၂ ပါးလုံး ရှမ်းလူမျိုးပါ ။  နောင်ကော်ကျေးရွာ မူလတန်းကျောင်းကနေ ၄ တန်း အောင်ပြီး  အလယ်တန်းကိုတော့ အထက ၁ သီပေါကနေ အောင်ပါတယ်။ ၁၀ တန်းကို  ပြင်ဦးလွင်ကနေ အောင်ပါတယ်။ လားရှိုးနည်းပညာကောလိပ်ကနေ စွမ်းအင် အင်ဂျင်နီယာ ( Bachelor of Engineering  )   ဘီအီးဘွဲ့ကို ရရှိခဲ့ပြီး  ထိုင်းနိုင်ငံ (ဘန်ကောက်  တက္ကသိုလ်) ကနေ စွမ်းအင် အင်ဂျင်နီယာ မဟာဘွဲ့ ( Master of Engineering  ) ကို ရခဲ့ပါတယ်။  ၂၀၁၀ ခုနှစ်မှာ ဒေါက်တာသိန်းဝင်းနဲ့ လက်ထပ်ပါတယ်။ သားသမီးမထွန်းကားသေးပါဘူး။”

အမတ်လောင်းမဖြစ်ခင်က လူမှုရေးလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ခဲ့ဖူးပါသလား။

“ကျမက ကျောင်းပြီးထားတာ မကြာသေးတော့ လူမှုရေးလုပ်ငန်းကို အဓိကထားပြီးတော့ လုပ်ကိုင်တာ တော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျောင်းသူဘ၀ လားရှိုး ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဝင် ကျောင်းတွင်း လှုပ်ရှားမှုရော  ရပ်ထဲရွာထဲနဲ့ ရောက်ရှိရာ အရပ်မှာ သာရေးနာရေးကူညီမှုလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ လူမှုအဖွဲ့အစည်းက ကျေးရွာဖွံ့ဖြိုးရေးသင်တန်းတွေမှာ  သင်တန်းဆရာအဖြစ် ပါဝင်ကူညီခဲ့ပါတယ်။  နိုင်ငံရေး ပါတီက ပြုလုပ်တဲ့ သင်တန်းတွေမှာလည်း ပါဝင်ကူညီခဲ့ပါတယ်။”

သီပေါမှာ ဘယ်ပါတီက ဘယ်သူတွေနဲ့ ယှဉ်ပြိုင်ရမှာလဲ။

“ကျားဖြူ  (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)က ဦးစိုင်းဖုန်းမြင့်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  ဦးစိုင်းခင်မောင်ရွှေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်ဇော်အောင်၊ တသီးပုဂ္ဂလက ယခင် ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကိုယ့်ကိုယ်ကို ဘယ်လောက်ယုံကြည်မှု ရှိပါသလဲ။

“ဟုတ်ကဲ့။ ကျမကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိပါတယ်။ သီပေါက ယှဉ်ပြိုင်မယ့် ပါတီ ၅ ခုမှာ ကျမ တယောက်တည်း အမျိုးသမီး ဖြစ်တယ်။ ကျမတို့ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စကို လုပ်နိုင်ရုံတင်မက  နိုင်ငံရေးမှာလည်း ယောက်ျားတွေလိုဘဲ လုပ်နိုင်မယ်၊ အမျိုးသမီးတယောက်အနေနဲ့  ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို စွမ်းဆောင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆီက ထောက်ခံမဲတွေ ပိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013