DVB Logo
Home
မြန်မာသတင်း
မံစီတိုက်ပွဲကြောင့် ရွာသားများ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ
DVB
·
September 22, 2015
မံစီတိုက်ပွဲကြောင့် ရွာသားများ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ
1 / 4
Donate to DVB

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းက လိုင်ကာကျေးရွာအနီး အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အနီးအနား ကျေးရွာ ၆ ရွာလောက်က ရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

တိုက်ပွဲကြောင့် လိုင်ကာ၊ ဇုပ်ဂျာ၊ ဂျေဆောန်၊ မုန်းလူ၊ ဖတ်ကာရိုင်နဲ့ ကုန်ခါးပါ ကျေးရွာတွေက ရွာသူရွာသားတွေဟာ မိုင်းခေါင်ကျေးရွာဘက်ကို ထွက်ပြေးခိုလှုံနေကြ ရတယ်လို့လည်း မိုင်းခေါင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (ကေဘီစီ) က ဆရာခါးအောင်က ပြောပါတယ်။

“ဒီ ကေဘီစီ စခန်းမှာတော့ ၁၉၀ ကျော်ရှိနေပြီ။ အခုက သူတို့က သိပ်ပြီးအဆင်မပြေဘူး။ မနေ့တုန်းကတော့ ယူအန်အိပ်ခ်ျစီအာ ကူညီထောက်ပံ့ရေးအဖွဲ့က အကူအညီပစ္စည်း နည်းနည်းပဲ လာပို့ထားသေးတယ်။ အဲဒါကြောင့် တချို့ ဒီမှာ စောင်တွေ၊ အ၀တ်အစားလည်း ဘာမှမပါကြဘူး။ နောက်ပြီးတော့ ဂျေဆောန်မှာ ကျောင်းက မူလတန်းအထိ ဖွင့်ထားတာရှိတယ်။ အဲဒါကလည်း ထွက်ပြေးလာကြတယ်။ စာအုပ်စာတန်းတွေ ဘာမှမပါဘူး။ ဒီတိုင်း ကိုယ်လွတ်ပဲ တောလမ်းကနေ ထွက်ပြေးလာကြတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ၃၅ ယောက်ရှိတယ်လို့ ဆရာဆရာမတွေက ပြောပါတယ်။”

မိုင်းခေါင်က ကေဘီစီ ဒုက္ခသည်စခန်းအပြင် အာစီကျောင်းတွေမှာလည်း သွားရောက်ခိုလှုံတာတွေ ရှိတယ်လို့လည်း ဆရာခါးအောင်က ပြောပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိ ဒုက္ခသည်တွေနေတဲ့ နေရာဟာလည်း အစိုးရတပ်နဲ့ နီးတဲ့အတွက် စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့လည်း ပြောပါတယ်။

“ဒီမနက်ရော ကျနော်တို့ အိပ်ယာမထခင် ၅ နာရီလောက် ပြန်ပြီး လက်နက်ကြီးတွေနဲ့ ထုနေတယ်။ တခု စိုးရိမ်စရာ ကောင်းတာကတော့ ကေဘီစီအိုင်ဒီပီကမ်းနဲ့ ဒီမိုင်းခေါင်တပ်စခန်းက ကျောကပ်ပဲ။ ကပ်တော့ မိုင်းခေါင်နဲ့ တိုက်ပွဲဖြစ်တဲ့ လိုင်ကာဆိုတာတော့ တမိုင်ကျော်ပဲ ရှိတာပေါ့နော်။ အဲဒီဘက် လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်။ ဆိုတော့ တကယ်လို့များ ကေအိုင်အေကနေပြီး ဒီမိုင်းခေါင်တပ်ကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်လာမယ်ဆိုရင် ဒုက္ခသည်စခန်းကတော့ စိုးရိမ်စရာရှိတာပေါ့။”

အဆိုပါဒေသမှာ အခုလ ၁၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဲဒီဒေသက ကေအိုင်အေ ရှေ့တန်းစခန်း တချို့ကိုလည်း အစိုးရတပ်က သိမ်းယူခဲ့တာတွေ ရှိခဲ့ပါတယ်။

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲနိုင်လို့ ကချင်ခေါင်းဆောင်တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အခုလို တိုက်ပွဲ ဆက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဆရာခါးအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013