DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးခရီးစဉ် (ဓာတ်ပုံ)
DVB
·
September 22, 2015
ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးခရီးစဉ် (ဓာတ်ပုံ)
1 / 10
Donate to DVB

စက်တင်ဘာ ၈ ရက်နေ့ကစတင်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးကာလ နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို စက်တင်ဘာ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် စက်တင်ဘာ ၂၂ ရက် မနက်မှာ ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှာ ဒေသခံတွေကို တွေ့ဆုံခဲ့တာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က "နိုင်ငံတနိုင်ငံမှာ စနစ်ကိုမပြောင်းလဲဘဲနဲ့ ပြည်သူပြည်သားတွေရဲ့ အခြေအနေကို ဘယ်လိုမှ ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အရှေ့ခြမ်းရှိ သမင်ခြံကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေကိုလည်း ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013