DVB Logo
Home
မြန်မာသတင်း
စည်းရုံးရေးခရီးစဉ် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် ပြင်ဆင် (ဓာတ်ပုံ)
DVB
·
September 21, 2015
စည်းရုံးရေးခရီးစဉ် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် ပြင်ဆင် (ဓာတ်ပုံ)
1 / 5
Donate to DVB

ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့တွေကို မဲဆွယ်စည်းရုံးရေးခရီးစဉ် လာရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဒေသခံ ပါတီဝင်တွေ ပြင်ဆင်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒေးဒရဲမြို့နယ်တွေကို သွားရောက်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေသခံလူထုနဲ့တွေ့ဆုံ စည်းရုံးဟောပြောသွားဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာမှာဖြစ်ပြီး ကော့မှူးမြို့နယ်က ဇရပ်ကုန်းကျေးရွာ၊ အဖျောက်ကျေးရွာနဲ့ နတ်စင်ကုန်းကျေးရွာတွေမှာ မိနစ်အနည်းငယ်ကြာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေ ၃နာရီ ဝန်ကျင်းလောက်မှာတော့ မဇယ်ဆိပ်ကျေးရွာမှာ ဒေသခံပြည်သူတွေကို ဟောပြောသွားမှာဖြစ်ပြီး ကော့မှူးမြို့နယ်မှာ ညအိပ်သွားမှာပါ။

စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့နယ်တို့က ဒေသခံတွေဆီ သွားရောက်တွေ့ဆုံကာ စည်းရုံးဟောပြောသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013