DVB Logo
Home
မြန်မာသတင်း
ကရင်နီ ဒုက္ခသည်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေ ၃ ဦး ဒဏ်ရာရ
DVB
·
September 21, 2015
ကရင်နီ ဒုက္ခသည်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေ ၃ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စုထဲက ကရင်နီ ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၂၀ ရက်နေ့ ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးကာ ၃  ဦး ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီရိုးရာ ဒီးကူပွဲကျင်းပချိန် စက်တင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီခန့်မှာ အိမ်တွေလှည့်လည်စဉ် စိတ်မမှန်သူတဦးက ကိုးလုံးကျည်နဲ့ ပစ်ခတ်ခဲ့တာလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဆောင်ဆန်းမြင့် (၁) က ပြောပါတယ်။

သူက “စိတ်က သိပ်မမှန်တဲ့ လူတယောက်က ရွာသားပဲ။ ဒီးကူပွဲမှာ ကိုးလုံးကျည်နဲ့ ပစ်လိုက်တယ်ပြောတယ်။ လူ ၂ ယောက်လောက် သေသွားတယ်။ သေသွားတာတာက ၃၂ နှစ်လောက် ၁ ယောက်၊ ၁၄ နှစ်လောက် ၁ ယောက်လို့ ပြောတယ်။ ၃ ယောက်လောက် ဒဏ်ရာရတယ်ပြောတယ်။ ရပ်ကွက် ၁၃ မှာလို့ပြောတယ်။ ဒီးကူပွဲဆိုတာက အိမ်တွေမှာ လိုက်ပြီးတော့ ကတာပေါ့။ ကနေတဲ့ထဲကို ဘာစိတ်ကူးပေါက်လဲမသိဘူး ပစ်ထည့်လိုက်တာလို့ ပြောတယ်။ အခု သူ ပုန်းနေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းကော်မတီဥက္ကဋ္ဌကို တယ်လီဖုန်းဆက်တဲ့အခါ သူက "မနေ့ညက စခန်းမှာ ပစ်ခတ်မှုဖြစ်တယ်။ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး စခန်းကော်မတီ အရေးပေါ် အစည်းအဝေး လုပ်နေပါတယ်ခင်ဗျ။ အသေးစိတ်ကို နေ့ခင်းပိုင်းမှ ပြန်ခေါ်လိုက်ပါ" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပီဘီအက်စ်သတင်းမှာတော့ ကရင်နီဒုက္ခသည်စခန်းမှာ ကရင်နီရိုးရာ ကောက်ညှင်းထုပ်ပွဲတော် ကျင်းပနေစဉ် ဗုံတီးပြီး ကခုန်နေတဲ့ လူရွယ်အုပ်စုထဲကို အမည်မသိ သေနတ်သမားက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ကိုဖဲရယ် (၁၇) နှစ်နဲ့ ဦးဆဲရယ် (၄၀) နှစ်တို့ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာနဲ့  ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဦးထေးရယ် (၄၂) နှစ်၊ ကိုပူးရယ် (၂၀) နှစ်တို့ ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာရပြီး ကိုမဲရယ် (၁၈) နှစ်က ဘယ်ဘက်ရင်ဘတ်မှာ ဒဏ်ရာရကာ အိုင်အာရ်စီ (နိုင်ငံတကာ ကူညီစောင့်ရှောက်ရေးကော်မတီ - မယ်ဟောင်ဆောင်ရုံး) မှ ၀န်ထမ်းနဲ့ မယ်ဟောင်ဆောင်ရဲစခန်း တာဝန်ရှိသူတွေက ဆီဆန်ဝမ်းဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013