DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု စက်တင်ဘာလ ၂၂ ရက်တွင် ပြန်လည်စစ်ဆေးမည် (ရုပ်သံ)
DVB
·
September 20, 2015
လိပ်ကျွန်းအမှု စက်တင်ဘာလ ၂၂ ရက်တွင် ပြန်လည်စစ်ဆေးမည် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုမှာ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ ၂ ဦး အမှုကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြန်လည် စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

သက်သေမခိုင်လုံမှုတွေနဲ့ မတရားစွပ်စွဲခံထားရတဲ့ စုံစမ်းစစ် ဆေးမှုဟာ အချိန်ကြာမြင့်နေခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ အုပ်စုတွေကတော့ ဒါဟာ  ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ဓားစာခံအဖြစ် အသုံးချတာလို့  ပြောပါတယ်။

ဗြိတိန်နိုင်ငံမှကမ္ဘာလှည့်ခရီးသည်စုံတွဲ ဟန်နာဝစ်သာရစ် ၂၃ နှစ်နဲ့ ဒေးဗစ်မေလာ ၂၄ နှစ်တို့ဟာ ခိုတောင်ကမ်းခြေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဟန်နာဝစ်သာရစ်ဟာ မုဒိန်းကျင့်ခံထားရပြီး ၂ ဦးလုံး ဦးခေါင်းထိခိုက် ဒဏ်ရာတွေနဲ့သေဆုံးခဲ့ကြတာပါ။

စွပ်စွဲခံထားရတဲ့ အသက် ၂၂ နှစ်အရွယ်ရှိကြတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ဘက်မှ အကာအကွယ်ပေးတဲ့အုပ်စုက ဒီအမှုမှာ ဒီအန်အေစစ်ဆေးချက်ဟာ တခုတည်းသော သက်သေဖြစ်ပြီး ရဲတွေဟာ ပြန်လည်စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပြန်လည်စစ်ဆေးတဲ့သက်သေခံပစ္စည်းတွေထဲမှာ လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ ပေါက်တူး၊ သဲပေါ်ကသွေးစနမူနာ၊ ရှုးဖိနပ်နဲ့ ဆံပင်တွေပါဝင်တယ်လို့ ထိုင်းရှေ့နေများ ကောင်စီရဲ့ အဖွဲ့ခေါင်းဆောင် နခွန်းချွန်ဖူးချပ်က ပြောပါတယ်။

ရဲတွေဟာ ဒီအန်အေစစ်ဆေးချက်နဲ့ပတ်သက်တဲ့ ကွဲလွဲချက်တွေပါဝင်တဲ့ အငြင်းပွားဖွယ် ထုတ်ပြန်ချက်တခုထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ဒီအန်အေစစ်ဆေးချက်ထဲကတချို့ဟာ ပျောက်ဆုံးသွားတာ ဒါမှမဟုတ် အသုံးပြုလိုက်တာလို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ အဲ ဒီထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013