DVB Logo
Home
မြန်မာသတင်း
အသစ်ဝယ်ထားသည့် ဥသာသင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်ရှိ
DVB
·
September 20, 2015
အသစ်ဝယ်ထားသည့် ဥသာသင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်ရှိ
1 / 4
Donate to DVB

မြန်မာ့ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီလီမိတက်က အသစ်ဝယ်ယူထားတဲ့ သင်္ဘော ၃ စီးထဲကကနေ ဥသာလို့ နာမည်ပေးထားတဲ့ ကုန်တင်သင်္ဘာ ရန်ကုန်ဆိပ်ကမ်းကို စက်တင်ဘာ ၂၀ ရက်နေ့က ရောက်ရှိလာပါတယ်။

ဥသာ သင်္ဘောကို ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့ကာ ၀မ်းပုံလောင်း အထွေထွေ ကုန်ပစ္စည်းတင် အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို အချိန်မရွေး ၀င်ထွက်သွားလာနိုင်တဲ့ အလျား၊ အနံနဲ့ ရေစူး ရှိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

ဥသာ ကုန်တင် သင်္ဘောဟာ ကုန်တန်ချိန် ၁ သောင်း ၈ ထောင်ကျော် တင်ဆောင်နိုင်ပြီး အစိုးရက ပို့ကုန် သွင်းကုန်တွေကို တိုးမြှင့် သယ်ယူပို့ဆောင်ဖို့ ရည်ရွယ် ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားလို့  မပြေးဆွဲ နိုင်သေးပေမယ့် နောက်မှာတော့ ဥရောပနိုင်ငံတွေဆီကို ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - မြ၀တီ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013