DVB Logo
Home
Lead Story
စစ်တပ်ဟာ သုံးထပ်စားအဖွဲ့ ဖြစ်နေတယ် - ဦးစောဒယ်နီရယ်
DVB
·
September 20, 2015
စစ်တပ်ဟာ သုံးထပ်စားအဖွဲ့ ဖြစ်နေတယ် - ဦးစောဒယ်နီရယ်
1 / 3
Donate to DVB

ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ သုံးထပ်စား ဖြစ်နေတယ်လို့ ကယားလူမျိုးစု ဒီမိုကရေစီပါတီခေါင်းဆောင် ဦးစောဒယ်နီရယ်က ဝေဖန် ပြောကြားလိုက်ပါတယ်။

လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားတယ်၊ စစ်သားမိသားစုတွေ မဲထည့်လို့ရတယ်၊ စစ်တပ်ကလူတွေ အရပ်ဝတ်လဲပြီး တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်တယ်၊ ဒါကြောင့် စစ်တပ်က သုံးထပ်စား တပ်လို့ သူက ပြောဆိုခဲ့တာပါ။

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲမဲဆွယ်ကာလအခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးစောဒယ်နီရယ်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီ မဲဆွယ်နေတဲ့ အခြေအနေ ပြောပြပေးပါ။

“တရွာဝင် တရွာထွက် လိုက်စည်းရုံးနေပါတယ်။ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ နားမလည်ဖြစ်နေတာကို ရှင်းလင်းနေတုန်းဖြစ်တယ်၊ အုပ်စုလိုက်ပေါ့။ သူ့မြို့နယ်နဲ့သူ ဒီလိုပဲ သွားနေရတယ်။ ကယားပြည်နယ်တခုလုံး ပါတီက ၀င်မပြိုင်နိုင်ပါဘူး၊ ၃၄ နေရာရှိတာ ကျနော်တို့ ပါတီက ၂၆ မြို့နယ်ပဲ ၀င်ပြိုင်နိုင်ပါတယ်။”

ပါတီ အားကောင်းတဲ့ နယ်မြေတွေ ပြောပါဆိုရင် ဘယ်နယ်မြေတွေဖြစ်မလဲ။

“၅ မြို့နယ်မှာ အားကောင်းပါတယ်။ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ အဲ့ဒီ ၅ မြို့နယ်ပေါ့။”

ဦးစောဒယ်နီရယ်တို့ အားကောင်းတယ်ဆိုတဲ့နယ်မြေတွေမှာ ၀န်ကြီး ၂ ယောက် ပုဂ္ဂလက ၀င်ပြိုင်မယ်၊ အဲ့ဒီဘက် အခု ရက်ပိုင်း ဘာတွေ မြင်ရကြားရလဲဗျ။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် သူတို့က ငွေရေးကြေးရေးနဲ့ လာလုပ်နေကြတယ်၊ ကျနော်တို့က ငွေရေးကြေးရေး မရှိဘူး၊ ဆင်းရဲသားတွေလေ။ ဥပမာ ဦးအောင်မင်းဆိုရင်  စတိတ်ရှိုးတွေ ဘာတွေနဲ့ အကြီးအကျယ်၊ ဒေသခံတွေကို ဟိုပေးဒီပေးပေါ့။ ဦးစိုးသိန်းဆိုလည်း ဘောလုံးပွဲတွေ ဘာတွေ လုပ်တယ်၊ စကိုင်းနက် စလောင်းတွေ ပေးတယ်၊ ဆယ်တန်းအောင်တဲ့သူတွေကိုလည်း ငွေပေးတယ်၊ ရွာအတွက် ဗုံမောင်းတွေ ပေါ့၊ ကယားရိုးရာလိုအပ်တဲ့ တူရိယာပစည်းတွေ ၀ယ်ပေးတယ်၊ အဲ့လိုမျိုးပေါ့။ သူတို့က ရွာလိုက်ရွာလိုက် လိုက်ပေးနေကြတာ။”

ဒေသခံတွေကရော ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လောက် သိကြလဲ။

“မသိသေးဘူး၊ အခုအချိန်က ရွာသားတွေ အင်မတန်အလုပ်များတဲ့အချိန် ဖြစ်တယ်။ ကျနော်တို့က ညအချိန်ပဲ သွားနိုင်တယ်။ ညအချိန်ကျတော့ သူတို့ ၁၄-၁၅ ယောက်လောက်ပဲ လာနိုင်ကြတယ်။ အလုပ်ပင်ပန်းတော့ အိပ်ကြပြီလေ။ ဥပမာ မဲပေးနိုင်တဲ့ လူ ၂၀၀ လောက် ရှိတဲ့ ရွာမှာ လူ ၂၀-၃၀လောက်ပဲ လာနိုင်တယ်။ နောက်တခုက မိုးရွာနေတော့ လမ်းခရီးက သူတို့လာဖို့ အခက်အခဲ ရှိတယ်၊ ကျနော်တို့ သွားဖို့လည်း အခက်အခဲ ရှိတယ်။”

စောစောက ပြောတဲ့ ၀န်ကြီး ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့ ၀င်ပြိုင်မယ့် နယ်မြေတွေမှာ စစ်တပ်ရှိတယ်လည်း ကြားတယ်၊ သူတို့ အခြေအနေကောင်းနိုင်လား၊ ဘယ်လို မြင်လဲ။

“သူတို့က စစ်တပ်ရဲ့ အခန်းကဏ္ဍက သုံးထပ်စားလို့ ကျနော် ပြောတာပေါ့။ စစ်တပ်က ၂၅ ရာခိုင်နှုန်းလည်း ယူထားတယ်၊ စစ်သားတွေရော စစ်သားမိသားစုတွေရော မဲထည့်လို့ရတယ်။ သူတို့ စစ်သားတွေ အရပ်ဝတ်လဲပြီးတော့ တသီးပုဂ္ဂလ အနေနဲ့ ၀င်တယ်။ ပါတီအနေနဲ့ ၀င်တယ်။ ဒါ့ကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ သုံးထပ်စားတဲ့အဖွဲ့  ဖြစ်နေတယ်။ ကျနော်တို့ ပြည်သူလူထုကတော့ တော်တော်လေး ရင်ဆိုင်ကြရမှာပေါ့၊ သူတို့က ပိုက်ဆံလည်း ရှိတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013