DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ မဲပေးရေးမူဝါဒ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြော
DVB
·
September 19, 2015
စစ်တပ်၏ မဲပေးရေးမူဝါဒ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြော
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန္ဒမဲပေးရေး မူဝါဒကို ထုတ်ပြောလိုက်ပြီး ဒီအထဲ တပ်မတော်အပေါ် နားလည်မှုရှိသူကို မဲပေးဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံနဲ့ဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိနားလည်စောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ် နားလည်မှုရှိသူကို မဲပေးဖို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးမှာ သူက ဆန္ဒမဲပေးမှုနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်မူဝါဒဆိုပြီး အခုလို ပြောခဲ့တာပါ။

အဲ့ဒီစည်းဝေးမှာပဲ သူက စစ်တပ်အနေနဲ့ အန်စီအေ ခေါ် တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပြီလို့ ပြောသွားပါသေးတယ်။

“အန်စီအေ လက်မှတ်ရေးထိုးရန်အတွက်လည်း တပ်မတော်အနေဖြင့် အဆင်သင့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားနေခြင်းဖြစ်ပြီး တိုင်းရင်းသားများနှင့် ပတ်သက်၍ ခွဲခြားမှုမရှိသကဲ့သို့ အခွင့်အရေးများလည်း ပေးထားကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ကိစ္စရပ်များသည် မိမိပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အားလုံးအမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။”

မြန်မာစစ်တပ်အကြီးအကဲတဦးအနေနဲ့ ဆန္ဒမဲပေးမှုနဲ့ပတ်သက်တဲ့ စစ်တပ်ရဲ့မူဝါဒဆိုပြီး အခုလို ထုတ်ပြောတာ နှစ်ပေါင်း ၃၀ လောက်အတွင်း ဒါ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013