DVB Logo
Home
မြန်မာသတင်း
အပင်မှ ထုတ်ယူနိုင်သည့် ကွန်ပျူတာ၊ စမတ်ဖုန်းများအတွက် အဖိုးတန်ဒြပ်စင် (ရုပ်သံ)
DVB
·
September 20, 2015
အပင်မှ ထုတ်ယူနိုင်သည့် ကွန်ပျူတာ၊ စမတ်ဖုန်းများအတွက် အဖိုးတန်ဒြပ်စင် (ရုပ်သံ)
Donate to DVB

ဂျာမနီက သိပ္ပံပညာရှင်တွေဟာ အပင်တွေကနေ အဖိုးတန်ဒြပ်စင် ဖြစ်တဲ့ ဂျာမနီယမ် (germanium) ထုတ်ယူနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ကြပါတယ်။ ဒီဒြပ်စင်က တပိုင်းလျှပ်ကူးဖြစ်ပြီး လျှပ်ကူးသတ္တိ အလွန်ကောင်းတဲ့အတွက် ပထမဆုံး ထရန်စစ္စတာ ထုတ်လုပ်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဆီလီကွန် ဂျာမနီယမ် သတ္တုစပ်ဟာ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေနဲ့ ဖိုက်ဘာကြိုးမျှင် ထုတ်လုပ်ရာမှာ အလွန်အရေးပါတာမို့ ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်ပါဘဲ။

အနီအောက်ရောင်ခြည် အလင်းဖောက်နိုင်တဲ့ ဒီ ဂျာမနီယမ်ကို အသိဉာဏ်ရှိ ပဲ့ထိန်းစနစ်တွေနဲ့ ကားတွေ ပါကင်ထိုးတဲ့ ဆင်ဆာတွေ လုပ်ရာမှာ အသုံးပြုပါတယ်။ ဒီဒြပ်စင်ကို တကမ္ဘာလုံးက မြေလွှာတွေမှာ တွေ့နိုင်ပေမယ့် ထုတ်ယူဖို့ခက်ပါတယ်။ ကုန်ကြမ်းတွေကို တရုတ်ပြည်က အများဆုံး မှာယူရတာပါ။ ခုတော့ ဖရိဗာ့ဂ်သတ္တုတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကတော့ သဘာဝလောကရဲ့ အကူအညီ အနည်းငယ်လောက်နဲ့ သူတို့ဖန်တီးထားတဲ့ မြေဆီကနေ ဒီဒြပ်စင်ကို ထုတ်ယူနိုင်မယ့် နည်းသစ်ကို တွေ့ရှိခဲ့ကြပါတယ်။

"ဂျာမန်မှာဆိုရင် ကျနော်တို့က ဒါကို 'အပင်ဖြင့်သတ္တုတူးဖော်ခြင်း' လို့ ခေါ်ကြတယ်။ ကျနော်တို့က ဒီဒြပ်စင်တွေကို မြေဆီထဲကနေ သစ်ပင်ရဲ့အမြစ်၊ အမြစ်ကနေ အရွက်တွေဆီထိ ရောက်အောင် ဆွဲယူမယ်။ အပင်တွေကနေ စွမ်းအင်အဖြစ် သုံးပြီးပြီဆိုမှ ရိတ်သိမ်းပြီး ဒီဒြပ်စင်တွေကို ထုတ်ယူသွားမှာပါ။"

ဒီလုပ်ငန်းရဲ့ အလားအလာကတော့ အတော်ကြီးပါတယ်။ ဒါပေမယ့် ဒီအသီးအပွင့်ကို မရယူနိုင်ခင်မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ခုလောလောဆယ်မှာတော့ အပင်ကနေ ဂျာမနီယမ်ပမာဏ အနည်းငယ်မျှပဲ ထုတ်ယူနိုင်ပါသေးတယ်။ တလီတာမှ မီလီမီတာ အနည်းငယ်လောက်ပဲ ရပါတယ်။ သိပ္ပံပညာရှင်တွေအဖို့ အရည်တလီတာမှာ အနည်းဆုံး ၁ ဂရမ်ထိ ထုတ်ယူနိုင်ဖို့ လိုပါတယ်။ ခုလောလောဆယ်မှာတော့ ဒီဒြပ်စင်ကို စုယူတဲ့ နည်းစဉ်နဲ့ပဲ ထုတ်လုပ်နိုင်ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013