DVB Logo
Home
မြန်မာသတင်း
အဆိပ်ဓာတ်ငွေ့ ဆာလဖိုက်ကို မြေသြဇာ အဖြစ် ပြောင်းလဲထုတ်လုပ် (ရုပ်သံ)
DVB
·
September 19, 2015
အဆိပ်ဓာတ်ငွေ့ ဆာလဖိုက်ကို မြေသြဇာ အဖြစ် ပြောင်းလဲထုတ်လုပ် (ရုပ်သံ)
Donate to DVB

ဇီဝဓာတ်ငွေ့ထုတ်လုပ်ရာမှာ အဆိပ်ဓာတ်ငွေ့ဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် ထုတ်လွှတ်တဲ့ ပြဿ နာကို ဖြေရှင်းလိုက်နိုင်ပြီလို့ အန်ဒရူးဝှိုက်က ဆိုပါတယ်။ တိုရွန်တိုမြို့က ဓာတုအင်ဂျင်နီယာ အင်ဒရူးဝှိုက်က ဆာလဖိုက်ကို မြေသြဇာအဖြစ် ပြောင်းလဲနေတာ ဖြစ်ပါတယ်။

"ကျနော်တို့ အခုလုပ်နေတဲ့ နည်းစဉ်ရဲ့ထူးခြားချက်တခုက ဓာတ်ကူပစ္စည်းသုံးပြီး ဆာလဖိုက်ကို ဆာလဖာအဖြစ် ပြောင်းတာပါ။ ဆာလဖာက မြေသြဇာပဲလေ။ ဒီ ဆာလဖာထုတ်ယူတဲ့ ကုန်ကြမ်းကတော့ ကွန်ပို့ဇစ်လို့ပြောရမယ့် ဖိုက်ဘာပေါ့နော်။ ထုတ်ပြီးသွားချိန်မှာ ဘာကျန်ခဲ့လဲဆိုတော့ မြေသြဇာအဖြစ်သုံးနိုင်တဲ့ ကာဗွန်ကွန်ပို့ဇစ်တမျိုး ရလာပါတယ်။ ဒီတော့ ပြန်လည်သန့်စင်တာတွေ လုပ်ဖို့မလိုတော့ဘူးပေါ့။ ဒီ ကွန်ပို့ဇစ်တွေကို ဓာတ်ငွေ့သန့်စင်ဖို့အတွက် လှောင်ကန်တွေထဲကို ထည့်ပြီးတဲ့နောက် ပြန်ဖော်လိုက်တာနဲ့ စိုက်ခင်းတွေထဲမှာ တန်းသုံးလို့ရပြီ။"

ဇီဝဓာတ်ငွေ့ကို ရုပ်ကြွင်းလောင်စာနေရာမှာ အစားထိုးနိုင်မယ့် ကာဗွန်လျှော့ချတဲ့ သန့်စင်ဓာတ်ငွေ့လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဖြိုခွဲခြင်းဖြစ်စဉ်ကတော့ ညစ်ညမ်းမှုတွေ ရှိပါတယ်။

"ဇီဝဓာတ်ငွေ့မှာ အရေးအပါဆုံး အပိုင်းကတော့ မီသိန်းဓာတ်ငွေ့ကို ဖမ်းယူတဲ့ ဖြစ်စဉ်ပါ။ မဖမ်းယူနိုင်လို့ လေထုထဲကို လွတ်ထွက်သွားရင် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထက် ၂၂ ဆ ပိုဆိုးပါတယ်။ တဘက်မှာလည်း ဇီဝဓာတ်ငွေ့ ထုတ်ပေးတဲ့ ဘက်တီးရီးယားက အဆိပ်သင့် ဟိုက်ဒရိုဂျင် ဆာလဖိုက်ဟာ တိုက်စားတဲ့သဘာဝ ရှိတာမို့ ဒီလုပ်ငန်းစဉ်အတွက် ပြင်ဆင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တွေ ထပ်တက်လာစေပါတယ်။"

ဒါပေမယ့် သူ့ရဲ့ SulfaCHAR အစေ့လေးတွေကတော့ အဆိပ်သင့် အညစ်အကြေးတွေ စွန့်ထုတ်မှုကို ရှောင်ရှားနိုင်မယ့် အကျိုးကျေးဇူးများတဲ့ ထုတ်ကုန်ပဲလို့ ၀ှိုက်က  ဆိုပါတယ်။ ဒီအစေ့လေးတွေကို လယ်မြေတွေ၊ ဖို့မြေတွေနဲ့ ရေဆိုးသန့်စင်စက်ရုံတွေမှာ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ရှေ့ပြေးထုတ်ကုန်ကနေ လာမယ့် နွေဦးရာသီမှာ မြေသြဇာတွေ ၁ တန်လောက် ထုတ်လုပ်ပေးနိုင်တော့မှာပါ။ ၁၂ လ အတွင်းမှာ ၁၀ တန်လောက်ထိ ထွက်ရှိမှာဖြစ်လို့ ကမ္ဘာတလွှားက ပြည့်မြဲစွမ်းအင်ဖြစ်တဲ့ ဇီဝဓာတ်ငွေ့စက်ရုံတွေအတွက် များစွာ အကျိုးဖြစ်ထွန်းမှာပါလို့ ၀ှိုက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013