DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှ နှင့် ဦးနေမျိုးဇင် တို့ကို ထောင်ဒဏ် ထပ်ချ
DVB
·
September 18, 2015
နော်အုန်းလှ နှင့် ဦးနေမျိုးဇင် တို့ကို ထောင်ဒဏ် ထပ်ချ
Donate to DVB

ထောင်တွင်း အကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ နဲ့ ဦးနေမျိုးဇင်တို့ ၂ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စက်တင်ဘာ ၁၈ ရက်နေ့က ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ အသီးသီး ထပ်မံချမှတ်လိုက်ပါတယ်။

နော်အုန်းလှကို ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုနဲ့ တမှု၊ လက်ပံတောင်း မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့မှု ၁ နှစ်ပြည့်လို့ ဆန္ဒပြခဲ့မှု၊ ဒီ ၂ မှုနဲ့ ၁ မှုကို ထောင်ဒဏ် ၄ လစီ ချမှတ်တဲ့အတွက် စုစုပေါင်း ၈ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်သံရုံးရှေ့ဆန္ဒပြမှုနဲ့ ၄ လ ချမှတ်ခံရတဲ့ ဦးနေမျိုးဇင်က “ဖြစ်စဉ်ကတော့ တရက်တည်း အတူတူပဲလေ။ ကျနော်တို့က ဒီကျောက်တံတား မြို့တော်ခန်းမကနေပြီးတော့ တရုတ်သံရုံးရှေ့အထိ မြို့နယ် ၆ မြို့နယ်ကို ဖြတ်ပြီးတော့ သွားကြတယ်။ လူအင်အား ၅၀၀ လောက်နဲ့။ အဲဒီမှာက ၄ မြို့နယ်က အမိန့်ချထားပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့ ၂ မြို့နယ်ကတော့ အမှုဖွင့်ထားပြီးပြီ ဆိုပြီးတော့ တရားရုံးတော့ မခေါ်သေးဘူး။ လမ်းမတော်နဲ့ ပန်းဘဲတန်းနဲ့ ၂ ရုံး ကျန်ပါသေးတယ်။ ဒီ ဒေါ်ခင်ဝင်းသတ်ဖြတ်ခံရမှု တရက်တည်း တချိန်တည်း ဖြစ်စဉ် တခုအတွက်ပေါ့။ လောလောဆယ် ၄ မြို့နယ်နဲ့တင် ကျနော် ၅ နှစ်ချခံရပြီ ဖြစ်ပါတယ်။”

ဒါ့အပြင် ကိုနေမျိုးဇင် အပါအ၀င် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးနဲ့ ဗကသအဖွဲ့ချုပ်က ကိုကျော်ကိုကိုတို့ ၃ ဦးကိုလည်း ဒီကနေ့ပဲ မင်္ဂလာတောင်ညွန့်မြို့နယ်က ပညာရေးဥပဒေ ပြင်ဆင်ပေးရေး တောင်းဆိုမှု ပုဒ်မ ၁၈၂ မှုနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒဂုံမြို့နယ်တရားရုံးမှ ရခိုင်အမျိုးသားတွေနဲ့အတူ ဆန္ဒပြလို့ဆိုပြီး စွဲဆိုထားသလို ကျောက်တံတားမှာပဲ မဟာဗန္ဓုလပန်းခြံမှာ လွတ်လပ်ရေး ကြေညာစာတန်း ဖတ်ခဲ့မှုနဲ့ နောက်ထပ် ၁ မှု၊ စုစုပေါင်း ပုဒ်မ ၁၈ နဲ့  အမှု  ၆ မှု ထပ်မံရင်ဆိုင်ရမယ်လို့လည်း ပြောပါတယ်။

နော်အုန်းလှကလည်း ဒီကနေ့ ထောင်ဒဏ် ၈ လနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်နဲ့ ၂ လ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၈ နဲ့ အခုလို မြို့နယ်တိုင်းက ထောင်ဒဏ်ချတဲ့အပေါ် နော်အုန်းလှက “ဒီအစိုးရက တကယ်တမ်း အန်တီတို့ကို အပြင်မှာ မနေစေချင်လို့လေ။ အဲဒါကြောင့် ချနေတာပေါ့။ ပုဒ်မတခုတည်းကို အမျိုးမျိုး မြို့နယ်တွေမှာ တပ်ပြီးတော့ တရားစွဲတယ်။ ဒါက မလုပ်သင့်တဲ့ကိစ္စလေ။ ဒါက ခရိုင်မှာ စွဲလို့ရတဲ့ကိစ္စကို ရုံးတကာရုံးက စွဲတယ်ဆိုတော့ ဘယ်နိုင်ငံမှမရှိဘူး ဒီဥပဒေ။ တကယ်တမ်း ဒါက ခရိုင်ချည်းပဲ စွဲလို့ရတဲ့ကိစ္စကို လူတွေပင်ပန်းအောင် လုပ်တယ်။ မြို့နယ်သွားလို့ရှိရင် ရဲတွေလည်း ပင်ပန်းတယ်။ တရားသူကြီးလည်း အလုပ်ရှုပ်တယ်။ ဒါတွေက မလုပ်သင့်တဲ့ အလုပ်တွေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လက်ပံတောင်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့လို့ အလုံမြို့နယ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရပြီး စီရင်ချက် ချခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013