DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်မှ ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးဆင်း
DVB
·
September 18, 2015
ကချင်ပြည်နယ်မှ ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးဆင်း
Donate to DVB

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲဝင်မယ့်  ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီဟာလည်း သူတို့ပါတီ အနိုင်ရရေးအတွက်  မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါ တယ်။

ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ လွန်ခဲ့တဲ့လကတည်းက မဲဆွယ်စည်းရုံးရေး ဆင်းေ နပြီး ကနေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးမောက်နဲ့ မံစီမြို့နယ်မှာရော စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်၊ ရွှေကူ၊ ဆင်ဘို စတဲ့မြို့နယ်တွေမှာ သွားရောက်ခဲ့ပြီး ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သွားရောက်ခဲ့တဲ့ ရွာတွေထဲက  ကေအိုင်အေ လက်အောက်ခံနယ်မြေဆိုရင် လူတွေက အကြောက်တရား လွှမ်းမိုးနေတုန်းဘဲ။ နိုင်ငံရေးပါတီတွေနဲ့ သိပ်မဆက်ဆံရဲဘူး။ ပြီးတော့ ကြံ့ဖွံ့ပါတီဝင်တချို့ကလည်း ကျနော်တို့ရှမ်းနီပါတီထဲဝင်ရင် လက်နက်ကိုင်ရမယ်လို့ သွားပြောထားတယ်တဲ့၊ အဲဒါတွေ မဟုတ်တဲ့အကြောင်း ပြန်ရှင်းပြခဲ့ရတယ်။ တချို့ရွာကျတော့ ဘယ်ပါတီဖြစ်ဖြစ် သူတို့ကိုဆိုလာပြားတွေပေးနိုင်တယ်။ လမ်းတွေ တံတားတွေကောင်းအောင် ခင်းပေးမယ်ဆိုရင် အဲဒီပါတီကို မဲထည့်ပေးမယ်လို့လည်း ပြောတယ်။ ကျနော်တို့ကတော့ မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် လွှတ်တော်ထဲရောက်သွားရင်တော့ အစိုးရဘတ်ဂျက်နဲ့ လုပ်ပေးနိုင်မယ့်အကြောင်း ပြောခဲ့ပါတယ်။”

ဒါ့အပြင် ရှမ်းနီပါတီရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရေးကို အမျိုးသားရေးစိတ်ဓာတ်အခြေခံပြီး ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြခဲ့ တယ်လို့ ဆိုပါတယ် ။

ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ကချင်ပြည်နယ်မှာ ၉ မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၅ မြို့နယ်တွင်း တိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာအပါအ၀င်  ပြည်နယ်လွှတ်တော် ၃၇ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာ အမျိုးသားလွှတ်တော် ၁၁ နေရာမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013