DVB Logo
Home
မြန်မာသတင်း
ကယ်ဆယ်ရေးလုပ်ငန်းအတွက် လူသားအသိဉာဏ်နှင့် စက်ရုပ်မျောက် (ရုပ်သံ)
DVB
·
September 18, 2015
ကယ်ဆယ်ရေးလုပ်ငန်းအတွက် လူသားအသိဉာဏ်နှင့် စက်ရုပ်မျောက် (ရုပ်သံ)
Donate to DVB

ကွန်ပျူတာတွေဟာ မျက်စိတမှိတ်အတွင်းမှာ ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေကို တွက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် စက်ရုပ်တရုပ်ကို ရေတခွက် အငှဲ့ခိုင်းတာမျိုးလို သိပ်ကိုရိုးစင်းတဲ့ အလုပ်ကို လုပ်ခိုင်းဖို့ ပရိုဂရမ် ထည့်ပေးရတာကတော့ သိပ်ကိုခက်ပါတယ်။ နှစ်ပေါင်းသန်းနဲ့ချီတဲ့ ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်အတွင်း လူသားတွေ စွမ်းဆောင်နိုင်ခဲ့တဲ့ ရိုးစင်းတဲ့ အလုပ်တွေကို ပြီးမြောက်စေနိုင်တဲ့ စွမ်းရည်ကို စက်ရုပ်တွေထဲ သွတ်သွင်းပေးဖို့က ဆယ်စုနှစ်ချီ ကြာနိုင်တယ်လို့ ဆန်ဘယ်ကင်မ်က ဆိုပါတယ်။ ဒါပေမယ့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ထောက်ကူနိုင်မယ့် စက်ရုပ်မျောက်ကို ဒီဇိုင်းထုတ်ရာမှာ အကောင်းဆုံးစွမ်းရည် မှန်သမျှကို ပေါင်းစပ်ထည့်သွင်းဖို့ ကင်မ်နဲ့ သူ့အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

"ကျနော်တို့က လူသားအသိဉာဏ်နဲ့ ကွန်ပျူတာ အယ်လ်ဂိုရီသမ်ကို ပေါင်းစပ်ပေးဖို့ စဉ်းစားတာဖြစ်လို့ ၂ ဘက်စလုံးက အားသာချက်တွေပေါင်းပြီး အကောင်းဆုံးစက်ရုပ်ကို ဖန်တီးနိုင်မှာပါ။"

ထိန်းချုပ်မောင်းနှင်သူ အော်ပရေတာနဲ့ စက်ရုပ်ရဲ့အကြားမှာ tether (လံကြိုး) နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ စီးဆင်းမှာ ဖြစ်ပါတယ်။ အမြင်ပိုင်းဆိုင်ရာ၊ အာရုံသိဆိုင်ရာ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရနေစဉ်မှာပဲ ဒီစက်ရုပ်ကို အော်ပရေတာက ထိန်းချုပ်နိုင်မှာပါ။ သုတေသနပညာရှင် အဲလ်ဘတ်ဝမ်ကတော့ မျောက်စက်ရုပ်ကို ထိန်းချုပ်ရတာဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရသလိုပဲလို့ ဆိုပါတယ်။

"အော်ပရေတာဘက်မှာလည်း ညီမျှတဲ့ ချိတ်ဆက်တုံ့ပြန်မှုတွေရှိတယ်။ ဆိုလိုတာက စက်ရုပ်ကိုယ်တွင်းမှာ ဘာတွေဖြစ်သလဲဆိုတာ ခံစားနိုင်အောင် အော်ပရေတာရဲ့ကိုယ်မှာ အာရုံခံတွေ တပ်ပေးထားတယ်လေ။"

မျက်မှန်တပ်လိုက်ရင် အော်ပရေအနေနဲ့ စက်ရုပ်ရဲ့ကင်မရာမှာ ဘာတွေမြင်နေရလဲဆိုတာ တပြိုင်နက်တည်း မြင်နိုင်ပါတယ်။ လူသားက တိုက်ရိုက်ထိန်းချုပ်နိုင်တာမို့ ဒီဆက်သွယ်မှုဟာ ဆန်းပြားရှုပ်ထွေးတဲ့ တာဝန်တွေ ဆောင်ရွက်နိုင်မယ့် စွမ်းရည်ကို ပေးနိုင်တယ်လို့ ၀မ်က  ဆိုပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ စွမ်းရည်မျိုးစုံရအောင် စက်ရုပ်မျောက်ကို ခြေလက်တွေ တပ်ဆင်ပေးတဲ့ အလုပ်ပဲလို့ သူက ဆိုပါတယ်။

"အန္တရာယ်ဇုန်ထဲကို ၀င်ရောက်ရှာဖွေ ကယ်တင်မှုတွေ လုပ်မယ့်အစား အခြေအနေကို လေ့လာပြီး အရမ်းထိရောက်မယ့် လက်နက်တွေကို သုံးပေးရုံဆိုရင် ရပါပြီ။"

အသားတွေကို ခုတ်ထွင်ဖြတ်တောက်တာတို့ နံရံတွေကို ဖွင့်ထုတ်တာတို့ကို ဆိုလိုတာပါ။ ၀မ်နဲ့ ကင်မ်ကတော့ ဒီစက်ရုပ်အနေနဲ့ စမ်းသပ်ခန်းထဲက မထွက်ခင်မှာ အများကြီး လုပ်ပေးရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူသားထိန်းချုပ်မယ့် ဒီစက်ရုပ်မျောက်ဟာ အနာဂတ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စွမ်းအားကြီးတဲ့ လက်နက်တခု ဖြစ်လာမယ်လို့ သူတို့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013