DVB Logo
Home
မြန်မာသတင်း
ဘာသာရေး အသုံးချ သွေးခွဲမှု ဖြစ်မည်ကိုစိုးရိမ်ကြောင်း သံရုံးများထုတ်ပြန်ချက် အစိုးရပယ်ချ
DVB
·
September 18, 2015
ဘာသာရေး အသုံးချ သွေးခွဲမှု ဖြစ်မည်ကိုစိုးရိမ်ကြောင်း သံရုံးများထုတ်ပြန်ချက် အစိုးရပယ်ချ
Donate to DVB

မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို အသုံးချကာ သွေးခွဲမှုနဲ့ ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံတာသံရုံး ၉ ရုံးရဲ့ ပူးတွဲကြေညာ ချက်ကို လက်မခံပဲ ဆန့်ကျင်ပယ်ချကြောင်း မြန်မာနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သံရုံးတွေရဲ့ ကြညာချက်မှာ ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင် လွဲမှားမှုတွေ၊ သံသယတွေ ပေါ်ပေါက်စေနိုင်ကြောင်း တဖက်သတ် သုံးသပ် ဖော်ပြထားတာဟာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးစားဖန်တီးနေကြတဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လျစ်လျူပြုရာ ရောက်တဲ့အတွက်  ပြည်သူတွေအကြား အထင်အမြင်လွဲမှားမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဖော်ပြချက်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပူးတွဲကြေညာချက်မှာ ဖော်ပြပါရှိတဲ့ နိုင်ငံတွေရဲ့  စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ကိစ္စတွေကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဘက်လိုက်ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့အခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်သံရုံးတွေက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို အသုံးချ သွေးခွဲတာနဲ့ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကို စိုးရိမ်ပူပန်မိတဲ့အကြောင်း စက်တင်ဘာ ၁၅ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထား တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013