DVB Logo
Home
မြန်မာသတင်း
ရှမ်းနီ(တိုင်းလိုင်) နှင့် အက်စ်အန်အက်စ်ပီပါတီ စတင်မဲဆွယ်
DVB
·
September 18, 2015
ရှမ်းနီ(တိုင်းလိုင်) နှင့် အက်စ်အန်အက်စ်ပီပါတီ စတင်မဲဆွယ်
1 / 2
Donate to DVB

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲဝင်မယ့် ရှမ်းနီ(တိုင်းလိုင်) နဲ့  မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (အက်စ်အန်အက်စ်ပီ) ဟာ သူတို့ပါတီ အနိုင်ရရေးအတွက်  မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းနဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဗန်းမောက် စတဲ့မြို့နယ်တွေမှာ စတင်မဲဆွယ်စည်းရုံးရေး ဆင်းနေပြီလို့  အက်စ်အန်အက်စ်ပီ ပါတီဥက္ကဋ္ဌ ဦးစောဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အနေနဲ့က မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော်နေရာမှာ ၀င်ပြိုင်မှာမို့  အရင်ဦးဆုံး မိုးညှင်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၅ စုကို အရင်သွားခဲ့ပါတယ်၊ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ ရွာသားတွေအများစုက သူတို့နယ်မြေထဲမှာ ဘယ်ပါတီတွေ ဘယ်သူတွေ ၀င်ပြိုင်မလဲဆိုတာ မသိကြဘူး။ ဆန္ဒမဲပေးပုံတွေလည်း နားမလည်တော့ ကျနော်တို့က အဲဒါတွေကို ရှင်းပြရခဲ့တယ်။ တံဆိပ်တုံးကို ဘယ်လိုထုရမလဲ ဆိုတာကအစပေါ့။ ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေ ပြောပါတယ်။ ပြည်သူတို့ လိုလားချက်ကတော့ အများကြီးပဲ။ သူတို့က လယ်ယာစိုက်ပျိုးရေးနဲ့ ရွှေကျင်၊ ကျောက်တူး အလုပ်တွေလုပ်တော့ ရေမီးလမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးရေး နောက်ကျတယ်ပေါ့။ အဓိကကတော့ လက်နက်ကိုင်အဖွဲ့တွေ ကြားနေရတော့ ဆက်ကြေးပေးရတဲ့ပြဿ  နာ၊  မြေမြှုပ်မိုင်း ကြောက်ရတဲ့ပြဿ  နာတွေ တင်ပြပါတယ်။ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်တယ်ပေါ့။”

သူတို့ပါတီအနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စ္စမှာ အရေးတကြီး ပါဝင်ဆောင်ရွက်မယ့်အကြောင်း၊ အပစ်ခတ်ရပ်ရင် တိုက်ပွဲတွေမရှိရင် နယ်မြေတည်ငြိမ်အေးချမ်းရင် ပြဿ နာတွေပြေလည်ပြီး ကျန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ့်အကြောင်းနဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ ပါဝင်နိုင်ဖို့ မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ၅ စု စည်းလုံးညီညွတ်ဖို့ အရေးကြီးတဲ့ အကြောင်းတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းနီ(တိုင်းလိုင်) နဲ့  မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (အက်စ်အန် အက်စ်ပီ) ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းက  မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၁) နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ၊ ပြည်သူ့လွှတ်တော်မှာ ၁ နေရာ နဲ့ ပြည်နယ် နဲ့ တိုင်း လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013