DVB Logo
Home
မြန်မာသတင်း
သမ္မတ နှင့် တွေ့ဆုံပွဲ တိုင်းရင်းသားတောင်းဆိုချက် ထက်ဝက်ပဲရ
DVB
·
September 17, 2015
သမ္မတ နှင့် တွေ့ဆုံပွဲ တိုင်းရင်းသားတောင်းဆိုချက် ထက်ဝက်ပဲရ
Donate to DVB

စက်တင်ဘာ ၉ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းရင်းသားတပ်ဖွဲ့တို့ တောင်းဆိုချက်အနက် ထက်ဝက်လောက်ပဲ ရခဲ့တယ်လို့ တိုင်းရင်းသားခေါင်းဆောင် တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာက ချင်းမိုင်ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်မှာ’ဒီဗွီဘီကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော် သုံးသပ်တာကတော့ ကျနော်တို့ လိုချင်တဲ့ ရလဒ်ရဲ့ ထက်ဝက်လောက်ပဲ ရခဲ့တယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လိုချင်တာက ထိပ်သီးခေါင်းဆောင်တွေဟာ ပြည်ထောင်စုကြီး တခုလုံးရဲ့ အကျိုး ပြည်ထောင်စုသူ ပြည်ထောင်စုသားတွေရဲ့ ရှေ့ရေးအတွက် သမ္မတကြီးနဲ့ ညှိနှိုင်းပြီးတော့ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အဆင့်ကို သွားစေချင်တယ်၊ လက်တွေ့ကျတော့ ကျနော်တို့ ခေါင်းဆောင်တွေ အနေအထားက ကျန်နေတဲ့ အချက်အလက်အချို့ကို ပြန်လည်ညှိနှိုင်းပြီးတော့ ညှိနှိုင်းချက်တချို့  ရရှိလာတဲ့ ပုံစံပဲ တွေ့ရတယ်။”

လတ်တလောမှာ အစိုးရဘက်က အောက်တိုဘာလဆန်းမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားပြီး တိုင်းရင်းသားတွေဘက်ကတော့ ဒီလကုန်ပိုင်း လုပ်ဖို့ရှိတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံပြီးမှပဲ အကြောင်းပြန်မယ်လို့ ဒီနေ့လုပ်တဲ့ ချင်းမိုင်ဆွေးနွေးပွဲက သိရပါတယ်။

ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာကတော့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ တိုင်းရင်းထိပ်သီးညီလာခံက ဆုံးဖြတ်မှာ မဟုတ်ဘဲ တဖွဲ့ချင်းစီက ဆုံးဖြတ်ပြီး လက်မှတ်ထိုးကြရမှာဖြစ်တယ်၊ အောက်တိုဘာလဆန်းမှာ တပ်ဖွဲ့တချို့ လက်မှတ်ထိုးကြလိမ့်မယ်လို့ သုံးသပ် ပြောပါတယ်။

“ထိုးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းက ထိပ်သီးခေါင်းဆောင်တွေလည်း မဖြေနိုင်ဘူး၊ ထိပ်သီးအစည်းအဝေးကလည်း မဖြေနိုင်ဘူး၊ လက်တွေ့ ထိုးမယ့် ခေါင်းဆောင်တွေက အဖြေပေးရမှာ ဖြစ်တယ်။ ထိုးဖို့ ဆုံးဖြတ်ချက်ချထားတဲ့အဖွဲ့တွေ ရှိတယ် ဆိုတာလည်း သတင်း ရပါတယ်။ အဲ့ဒီအဖွဲ့တွေကတော့ သူတို့ အဖွဲ့ ဆုံးဖြတ်ချက်အတိုင်း ထိုးလိမ့်မယ်။”

သမ္မတက လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၅ ခု ရှိပြီး အစိုးရကတော့ အနည်းဆုံး ၁၀ ဖွဲ့လောက် လက်မှတ်ထိုးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013