DVB Logo
Home
မြန်မာသတင်း
ကန်ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ငါးပြတိုက် ရန်ကုန်တွင် ဖွင့်လှစ်မည်
DVB
·
September 17, 2015
ကန်ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ငါးပြတိုက် ရန်ကုန်တွင် ဖွင့်လှစ်မည်
Donate to DVB

အမေရိကန်ဒေါ်လာ ၁၅ သန်းအကုန်အကျခံတည်ဆောက်မယ့် ငါးပြတိုက်ကို ရန်ကုန်မြို့မှာ ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်သွားမယ်လို့ Leisure Management အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အဲဒီ ငါးပြတိုက်တည်ဆောက်ရေး စီမံကိန်းအတွက် စင်ကာပူနိုင်ငံအခြေစိုက် စူရ ဘားနားဗိသုကာ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဧရိယာ ၁၉၆၀၀၀ စတုရန်းပေအကျယ်ပေါ်မှာ တည်ဆောက်ဖို့ စတင်ခဲ့တာပါ။

နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် နေရာတခုဖြစ်လာမယ့် ဒီငါးပြတိုက်တည်ဆောက်ရေး စီမံကိန်းဟာ မူလသတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ စံ သတ်မှတ်ချက်တွေအတိုင်း တည်ဆောက်နိုင်ခြင်းမရှိခဲ့တာမို့ ၂၀၁၄ ခုနှစ်၊ အောက်တို ဘာလကတည်းက ကာလအတန်ကြာ ရွှေ့ဆိုင်းထားခဲ့ရတာလို့ သတင်းက ဆိုပါတယ်။

နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်မယ့် အဲဒီစီမံကိန်းအတွက် မြေယာ ရှုခင်းဆိုင်ရာလုပ်ငန်းတွေကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဒီဇိုင်းရေးဆွဲထားကာ စွမ်းအင်အသုံးချမှုကိုလည်း လျှော့ချနိုင်အောင် စီမံထားတယ်လို့ ဆိုပါတယ်။

အဲဒီငါးပြတိုက်မှာ မြန်မာနိုင်ငံအတွင်း ပထမဆုံးလို့ဆိုရမယ့် ငါးမန်းအပါအ၀င် ရေချို ရေငန် ငါးမျိုးစိတ် ၅၀၀ ကို ထားရှိမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013