DVB Logo
Home
မြန်မာသတင်း
မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ် ကန်ဒေါ်လာသန်း ၄၀၀ ထောက်ပံ့မည်
DVB
·
September 17, 2015
မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်  ကန်ဒေါ်လာသန်း ၄၀၀ ထောက်ပံ့မည်
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်စွမ်းအင်စီမံကိန်းမှာ ဘဏ္ဍာရေးနဲ့ နည်းပညာ ထောက်ပံ့ကူညီနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စုမှ အမေရိကန်ဒေါ်လာသန်း ၄၀၀ ထောက်ပံ့ကူညီသွားမယ်လို့ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်စွမ်းအင်ကို အပြည့်အ၀ အသုံးပြုခွင့်မရတဲ့အတွက် ကျေးလက်ဒေသမြို့ရွာတွေထိ ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလျင်မြန်တိုးတက်လာစေဖို့ အရေးတကြီးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

၆ နှစ်ကြာမြင့်မယ့် ဒီစီမံကိန်းမှာ မြန်မာနိုင်ငံ လူဦးရေ ၆ ဒဿမ ၂ သန်းကို လျှပ် စစ်စွမ်းအင်အသုံးပြုခွင့်ရနိုင်ဖို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။

အမေရိကန်ဒေါ်လာသန်း ၄၀၀ ကုန်ကျမယ့် ဒီစီမံကိန်းကနေ ကျေးလက်မြို့ရွာ တွေထိ၊ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေထိ လျှပ်စစ်မီးရရှိစေမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာနဲ့တန်းတူ တနိုင်ငံလုံးလျှပ်စစ်မီးအပြည့်အ၀ရရှိစေရမယ့် မြန်မာ့ရည် မှန်းချက်ကို ထောက်ပံ့ကူညီပေးတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး အူးလ်ဝစ်ဇာကာအိုက ပြောပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက “မြန်မာနိုင်ငံအမျိုးသားလျှပ်စစ်စွမ်းအင်စီမံကိန်းဟာ မြန်မာနိုင်ငံမြို့ရွာအနှံ့က ပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကျောင်းစာသင်ခန်းတွေမှာ လျှပ်စစစ်မီးရရှိနိုင်မှုတွေကို အပြောင်းအလဲဖြစ်လာ ပါလိမ့်မယ်”လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ထောက်ပံ့ကူညီမယ့် ၆ နှစ်ကြာမြင့်မယ့်စီမံကိန်းမှာ ကျောင်း၊ဆေး ရုံဆေးပေးခန်း ၂၃၀၀၀ ကျော်နဲ့ လမ်းမီးတိုင် ၁၃၂၀၀၀ လျှပ်စစ်မီးရရှိရေးတွေ အပါအ၀င် ကျေးရွာဈေးတွေမှာပါ လျှပ်စစ်မီးအသုံးပြုနိုင်ဖို့နဲ့ ဘေးကင်းလုံခြုံမှုရရှိစေရေးတွေပါ ၀င်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013