DVB Logo
Home
မြန်မာသတင်း
အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ ချင်းမိုင်တွင် စတင်
DVB
·
September 17, 2015
အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ ချင်းမိုင်တွင် စတင်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့စတင်နေပြီး သမ္မတနဲ့ တွေ့ခဲ့တုန်းက ရရှိခဲ့တဲ့ ရလဒ်တွေကို ဘယ်ပုံဘယ်နည်း အကောင်အထည်ဖော်မလဲဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက ဒီတကြိမ် သူတို့အဖွဲ့ ဆွေးနွေးကြမှာတွေကို အခုလို ပြောပြပါတယ်။

“စက်တင်ဘာ ၉ ရက်မှာ သမ္မတနဲ့ အစိုးရအဖွဲ့နဲ့ ကျနော်တို့ သွားတွေ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ထိပ်သီး ၅ ဦးရယ်၊ အက်စ်ဒီ ခေါင်းဆောင် ၃ ဦးရယ်၊ နောက် အန်စီစီတီ ခေါင်းဆောင် ၁ ဦးရယ်၊ ၉ ဦး သွားကြပါတယ်။ အဲ့ဒီမှာ သမ္မတကြီးနဲ့ ဆွေးနွေးတဲ့ကိစ္စတွေကို ဒီကနေ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့တွေဆီကို ကျနော်တို့ အစီရင်ခံမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကနေရတဲ့ ရလဒ်ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ ကိစ္စတွေကိုပါ ဒီနေ့ ဆွေးနွေးပွဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

အခု အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲရလဒ်တွေကို  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြသွားမှာဖြစ်ပြီး ထိပ်သီးစည်းဝေးပွဲကျမှ  တပ်ဖွဲ့အားလုံးရဲ့ ဆုံးဖြတ်ချက် ကျလာမယ်လို့ ပြောပါတယ်။

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့နဲ့ အောက်တိုဘာ ပထမပတ်အတွင်း လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ထားပြီး တိုင်းရင်းသားတွေဘက်က ထိပ်သီးစည်းဝေးပွဲပြီးမှ တရားဝင်အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃၁ရက်မှာ နှစ်ဘက် သဘောတူလက်မှတ်ထိုးခဲ့တဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ပါ အချက်အားလုံးကို နှစ်ဘက်စလုံးက သဘောတူထားကြပြီး စာချုပ်မှာ တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေးကိစ္စ မပြီးပြတ်နိုင်သေးဘဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013