DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် စစ်ကိုင်း၊ ချင်းနှင့် ရခိုင်တွင် မဲစာရင်း အကုန်ကပ်ထားဟုဆို
DVB
·
September 16, 2015
ရေဘေးသင့် စစ်ကိုင်း၊ ချင်းနှင့် ရခိုင်တွင် မဲစာရင်း အကုန်ကပ်ထားဟုဆို
Donate to DVB

နိုင်ငံအတွင်း ရေကြီးမှုဒဏ် ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မဲဆန္ဒရှင်စာရင်းတွေ အကုန်လုံးကပ်ထားနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ ပြည်နယ်တိုင်းကော်မရှင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းအတွင်းရှိ ကလေး၊ ကသာ၊ မော်လိုက် စတဲ့ ခရိုင် ၈ ခုအတွင်း သတ်မှတ်ထားတဲ့ စက်တင်ဘာ ၁၄ရက်မှာ မဲစာရင်း ကပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“မုံရွာမှာ ရွာပေါင်း ၂၆၀ လောက် ရှိတယ်။ အစောပိုင်းက ရေကြီးနေလို့ မကပ်နိုင်ဘူး ပြောတယ်၊ အခု ကျနော် ပြန်မေးကြည့်တော့ ကပ်ထားလိုက်နိုင်ပြီလို့ ပြောတယ်။ အရင် အကြိမ်တွေထက်တော့ ပိုပြီး လာကြည့်ကြတယ်။”

စစ်ကိုင်းတိုင်းအတွင်း မဲပေးနိုင်သူပေါင်း ၃၆ သိန်း ၈ သောင်းကျော် ရှိပြီး ဒီတကြိမ်မှာ တပ်မိသားစုဝင် ၅၀၀၀ ကျော် မဲစာရင်းထဲ ပါလာတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလျန်အုပ်က ချင်းပြည်နယ်မှာလည်း ရှိသမျှ ခရိုင်အားလုံး မဲစာရင်းကပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ကပ်နိုင်တယ်၊ ကျေးရွာအုပ်စု ၂ အုပ်စု  ၁၄ ရက် မဟုတ်ဘဲ ၁၅ ရက်မှာ ကပ်လိုက်ရတယ်၊ ကျန်တာတွေအားလုံး ၁၄ ရက်မှာ ကပ်နိုင်ပါတယ်ခင်ဗျ။”

ချင်းပြည်နယ်ထဲ ကန်ပက်လက်၊ ဟားခါး စတဲ့ မြို့နယ် ၉ ခုအတွင်း မဲပေးနိုင်သူပေါင်း ၂ သိန်း ၇ သောင်းကျော်ရှိပြီး ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် ၀င်ပြိုင်ကြဖို့ စာရင်းပေးထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွန်းကလည်း ပြည်နယ်အတွင်း မဲစာရင်းတွေ အချိန်မီကပ်လိုက်နိုင်တယ်လို့ ပြောပါတယ်။.

ရခိုင်တပြည်နယ်လုံး မဲပေးနိုင်တဲ့သူပေါင်း ၁၄ သိန်း ၂ သောင်းကျော်ရှိပြီး ဒီတကြိမ်မဲစာရင်းမှာ မဲပေးနိုင်သူဦးရေ ၈ သောင်းလောက် တိုးလာတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရခိုင်အမျိုးသားပါတီဝင်တယောက်ကတော့ သူတို့ မြောက်ဦးခရိုင်ထဲမှာ ကျေးရွာပေါင်း ၁၀၀၀ လောက် ရှိပြီး ၂၀၀ လောက်မှာပဲ မဲစာရင်းကပ်နိုင်တာ တွေ့ရတယ်လို့ ပြောပါတယ်။

“မြို့ပေါ်က ရပ်ကွက်တချို့မှာ ကပ်နိုင်တာတွေ့ရတယ်၊ ကျန်တဲ့ ကျေးရွာတွေမှာ မကပ်နိုင်ဘူး။ မြောက်ဦးခရိုင်ထဲမှာ ကျေးရွာပေါင်း ၁၀၀၀ လောက်ရှိတယ်။ ၂၀၀ လောက်ပဲ ကပ်နိုင်တယ်။ လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတယ်၊ တချို့ရွာတွေဆိုရင် မင်းပြားမြို့ကို လာရင် ၆ ရက်လောက် အချိန်ယူပြီး လာရတာမျိုး ရှိတယ်။”

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေအတွင်း မိုးကြီးပြီး ရေကြီး မြေပြိုမှုတွေကြောင့် စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်တို့မှာ ဘေးဒုက္ခကြုံတွေခဲ့ရပြီး အခုအချိန်ထိ နာလန်မထူနိုင်သေးပါဘူး။

ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသခံတွေအနေနဲ့လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု သိပ်မရှိလှဘဲ ဒေသပြန်လည်ထူထောင်လုပ်ရင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ဒေသတွင်း ၀င်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013