DVB Logo
Home
မြန်မာသတင်း
ရေလွှာလှိုင်းစီးသူများကို ငါးမန်း အန္တရာယ်မှ ကာကွယ်ပေးမည့် ကိရိယာ (ရုပ်သံ)
DVB
·
September 16, 2015
ရေလွှာလှိုင်းစီးသူများကို ငါးမန်း အန္တရာယ်မှ ကာကွယ်ပေးမည့် ကိရိယာ (ရုပ်သံ)
Donate to DVB

သြစတြေးလျရဲ့ ရေလွှာလှိုင်းစီးသူ ရှုပ်ထွေးတဲ့ ကမ်းခြေအချို့မှာ ငါးမန်း တိုက်ခိုက်မှု အမြောက်အမြား ဖြစ်ပြီးချိန်မှာ တိုက်ခိုက်ခံရသူထဲ တယောက်အပါအ၀င်ဖြစ်တဲ့ အာလန်မက်ဖာဆန်ကတော့ ဆစ်ဒနီ ကမ်းနီးရေပြင်မှာ မကြောက်မရွံ့ လှိုင်းစီးနေဆဲပါ။ ဒါပေမယ့် သူ့မှာ အကြိုအချက်ပေးကိရိယာ ပါပါတယ်။ ဒီ SurfSafe လို့ခေါ်တဲ့ ကိရိယာဟာ အမေရိကန်ဒေါ်လာ ၂၈၀ ကျသင့်ပါတယ်။ သူ့ရဲ့လှိုင်းစီးပျဉ်ချပ်မှာ ဒီကိရိယာ ထည့်သွင်းထားပြီး လျှပ်စစ်စက်ကွင်းတွေ ထုတ်လွှတ်ကာ ငါးမန်းရဲ့ လျှပ်စစ်လှိုင်းအာရုံခံတွေကို အသိမဲ့သွားအောင်လုပ်ပြီး မောင်းထုတ်နိုင်ပါတယ်။

"လက်တလောဖြစ်သွားတဲ့ တိုက်ခိုက်မှုတွေနဲ့ ဖြစ်ပျက်ထားတဲ့ အခြေအနေတွေ အားလုံးကို ကျနော် သတိထားမိပါတယ်။ ငါးမန်းနဲ့ ပတ်သက်လို့တော့ သိပ်မစိုးရိမ်ပါဘူး။ စိတ်အေးလက်အေး ရှိချင်လို့သာ ဒါကို ဆောင်တာပါ။ ကိုယ်တယောက်တည်း လှိုင်းစီးနေတုန်းမှာ စိတ်လုံခြုံမှု ရှိတာကလည်း သိပ်အဖိုးတန်တယ်လေ။ ဒါကြောင့်ပါ။"

ဒီနှစ်ပိုင်းအတွင်း နယူဆောက်သ်ဝေးပြည်နယ်မှာ ငါးမန်းတိုက်ခိုက်မှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ၃ ကြိမ်သာ ဖြစ်ပွားခဲ့တယ်လို့ သြစတြေးလျရဲ့ ငါးမန်းဆိုင်ရာ စာရင်းဇယားများအရ သိရပါတယ်။ ဖေဖော်ဝါရီလမှာ ဘယ်လင်နာဒေမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ကတော့ ဂရိတ်ဝှိုက် ငါးမန်းတကောင်က လှိုင်းစီးသူတယောက်ကို ကိုက်သတ်လိုက်တဲ့ ဖြစ်ရပ်ပါပဲ။ ဒါပေမယ့် SurfSafe လို ကိရိယာတွေကလည်း လှိုင်းစီးသူတွေကို အပြည့်အ၀ ကာကွယ်မပေးနိုင်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

"ဒီကိရိယာတွေက ငါးမန်းကိုက်ခံရနိုင်ချေကို လျှော့ချပေးပါတယ်။ ဒါမှမဟုတ်ရင်လည်း ငါးမန်းကို မျှားတဲ့ အစာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အလားတူပဲ ဒီလိုဖြစ်မလာအောင်တော့ မဟန့်တားနိုင်ပါဘူး။ ဒါကြောင့် ရာနှုန်းပြည့် စိတ်ချရတယ်လို့တော့ မဆိုချင်ပါဘူး။ အကိုက်ခံရနိုင်ချေကို လျှော့ချပေးရုံသက်သက်ပါ။"

ဒီလို ပြစ်ချက်တွေ ရှိပေမယ့် ဒီကိရိယာကို သုံးရတာ စိတ်လုံခြုံမှုရတယ်လို့ လှိုင်းစီးသူတွေက ဆိုပါတယ်။

"ဟုတ်ပါတယ်။ ထိရောက်တယ်လို့ စိတ်ထဲမှာ မှတ်ယူရမှာပါ။ ဒါနဲ့တော့ ကျနော် စမ်းမကြည့်ချင်ဘူးဗျ။"

"သေချာတာပေါ့။ တကယ် မောင်းထုတ်နိုင်တယ်။ ကျနော့် ပျဉ်ချပ်နားကနေ၊ ကျနော့် လှိုင်းစီးဖော်တွေနားကနေ ငါးမန်းတွေကို မောင်းထုတ်နိုင်တာတော့ အသေအချာပါပဲ။"

သြစတြေးလျ ကမ်းနီးပင်လယ်မှာ ရေကူးသူတွေ၊ ရေငုပ်သူတွေနဲ့ လှိုင်းလျှောစီးသူတွေ များလာတာနဲ့အမျှ ဒီလို ကိရိယာတွေ ရှိထားရင် ဂရိတ်ဝှိုက်တွေရဲ့ အန္တရာယ်ကင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013