DVB Logo
Home
မြန်မာသတင်း
မဲဆွယ်ကာလ ပဋိပက္ခဖြစ်နိုင်ခြေအပေါ် ၉ နိုင်ငံ စိုးရိမ်မှုထုတ်ပြန်
DVB
·
September 16, 2015
မဲဆွယ်ကာလ ပဋိပက္ခဖြစ်နိုင်ခြေအပေါ် ၉ နိုင်ငံ စိုးရိမ်မှုထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ စတင်လိုက်ပြီဖြစ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတခုအနေနဲ့ အသုံးချကာ သွေးခွဲခြင်းနဲ့ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း ရန်ကုန်ရှိ သံရုံး ၉ ရုံးက စက်တင်ဘာ ၁၅ ရက်နေ့က ပူးတွဲကြေညာပါတယ်။

ရွေးကောက်ပွဲတွေ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားကြတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဘက်နိုင်ငံများဖြစ်ကြတဲ့ သြစတြေးလျ သံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ် သံရုံး၊ ပြင်သစ် သံရုံး၊ နော်ဝေး သံရုံး၊ ဂျပန် သံရုံး၊ ဆွီဒင် သံရုံး၊ ဗြိတိသျှ သံရုံးနဲ့ အမေရိကန် သံရုံးတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြတာပါ။

မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကြောင့်  ရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန်လေးစားခြင်း၊ ကျောသားရင်သား မခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေ ဖြစ်ရေးတို့ကို အသိအမြင် ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြဖို့ (ဤရွေးကောက်ပွဲနှင့်) အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံသားများ အားလုံးကို တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်းတွေနဲ့ ဥပဒေတွေအားလုံး ပြဋ္ဌာန်းသုံးရာမှာ  လူမျိုး၊ ဘာသာနဲ့ နိုင်ငံရေးပါတီမရွေး မျှတမှုရှိစေဖို့၊ တသမတ်တည်း ဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိစေဖို့လည်း တောင်းဆိုချက်က ဆိုပါတယ်။

လက်ရှိရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာက သန္နိဋ္ဌာန်ချမြဲချထားပြီး ၂၀၁၆ ခုနှစ်မှာ အစိုးရသစ်တခု ပေါ်ပေါက်လာမယ့် ဒီဖြစ်စဉ်ကို  အနီးကပ် စောင့်ကြည့်လေ့လာသွားမယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013