DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ထားဝယ် ခရီးသည်တင်ကား ပစ်ခတ်တိုက်ခိုက်ခံရ၊ လူ ၂ ဦး ဒဏ်ရာရ
DVB
·
September 15, 2015
ရန်ကုန်-ထားဝယ် ခရီးသည်တင်ကား ပစ်ခတ်တိုက်ခိုက်ခံရ၊ လူ ၂ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ရန်ကုန်ကနေ ထားဝယ်ကိုသွားမယ့် ခရီးသည်တင်မှန်လုံယာဉ်တွေ စက်တင်ဘာလ ၁၄ ရက်ညက မွန်ပြည်နယ် ရေးမြို့နယ် နင်းစုံရွာနားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူ ၂ ဦး ဒဏ်ရာရသွားပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ မနက်စောစောက လူနာ ၂ ဦး ပစ်ခတ်မှုဒဏ်ရာတွေနဲ့ ဆေးရုံကို ရောက်လာပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့  ရေးမြို့နယ် ပြည်သူ့ဆေးရုံက တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ည သန်းခေါင်ကျော်ပြီး ၁၅ မိနစ်အချိန် ညာဘက်ပေါင်မှာ သေနတ်ကျည်ဆန်ဝင်တဲ့ လူနာတယောက် ရောက်လာပါတယ်။ ဒီကနေ့မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ နောက်တယောက်ထပ်ရောက်လာတယ်။ အဲဒီတယောက်ကတော့ ၀ဲဘက်မျာက်နှာက သေနတ် ဒဏ်ရာနဲ့ စုတ်ပြတ်နေပြီး ဘက်ဘက်မျက်လုံးပါ ပြူးထွက်နေတယ်။ အဲဒီ တယောက်က ဒဏ်ရာပြင်းထန်လို့ ဒီကနေ့မနက် ၉ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ကို လွှဲလိုက်ပါတယ်။”

အဆိုပါ လူ ၂ ဦးမှာ တစ်ဦးက  ရန်ကုန်မြို့ အင်းစိန်မှာ နေထိုင်ပြီး နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ကဖြစ်တဲ့အကြောင်းနဲ့ ဖြစ်စဉ်အသေးစိပ်ကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ရေးမြို့ ဒေသခံတစ်ဦးကတော့ မနေ့ညက ရန်ကုန်ကနေ ထားဝယ်ကိုသွားမယ့် ကုန်တင်ကားရော ခရီးသည်တင်ကားပါ အားလုံး ၆ စီး လုယက်ခံခဲ့ရကြောင်း၊ လူတယောက်က လက်နှိပ်ဓာတ်မီး တဘက် သေနတ်တဘက်နဲ့ ကားပေါ်ကလူတွေကိုဆင်းခိုင်းပြီး အောက်မှာဝမ်းလျားမှောက်ခိုင်း ကာ ပါသမျှပစ္စည်းတွေ ယူသွားတယ်လို့ ပြောပါတယ်။ အဲဒီလူက သူ့လူတွေကို နေရာယူဖို့ ပါးစပ်က အော်နေပေမယ့် ကားသမားတွေကတော့ သူတဦးတည်းသာ မြင်ကြောင်း ပြော ဆိုကြကြောင်း၊ ရပ်မပေးတဲ့ကားတွေကို သေနတ်နဲ့ ပစ်ခတ်ရာမှာ ရွှေပုလဲပြည်ကားမှ  ယာဉ်နောက်လိုက်တစ်ဦး၊ လပ်ကီးစတားယာဉ်လိုင်းမှ ကားမောင်းသူတစ်ဦးတို့ ထိမှန်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး မင်းဆွေကို  ဒီဗွီဘီက မေးမြန်းရာမှာတော့ လမိုင်းမြို့အ၀င်နားမှာ မှန်လုံခရီးသည်တင်ကား အပစ်ခံရကြောင်း အတည်ပြုပြောကြားပြီး ဒါပေမယ့် အဲဒီနေရာဟာ လမိုင်းမြို့ ရဲစခန်းအပိုင်ဖြစ်တဲ့အတွက် ဖြစ်စဉ်တွေကို လမိုင်းရဲစခန်းကိုသာ မေးမြန်းဖို့  ပြောပါတယ်။

မနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် တပ်မတော်နဲ့ ပူးပေါင်းပြီး လုံခြုံရေးတွေ တိုးမြှင့်ချထား တယ်လို့  စခန်းမှူးက ပြောပါတယ်။ လမိုင်းရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013