DVB Logo
Home
မြန်မာသတင်း
ဖာပွန်မဲဆန္ဒနယ်တွင် အတိုက်အခံနှင့် တိုင်းရင်းသားပါတီများ ရုန်းကန်ရမည်
DVB
·
September 15, 2015
ဖာပွန်မဲဆန္ဒနယ်တွင် အတိုက်အခံနှင့် တိုင်းရင်းသားပါတီများ ရုန်းကန်ရမည်
Donate to DVB

ကရင်ပြည်နယ် ဖာပွန်မြို့နယ် မဲဆန္ဒနယ်ဟာ စစ်တပ်နယ်မြေဖြစ်တဲ့အတွက် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုအနိုင်ရဖို့ တခြားပါတီတွေအနေနဲ့ အတော်ကို  ကြိုးစားရုန်းကန်ရမယ့် အခြေအနေမှာ ရှိတယ်လို့ ဒေသခံ ကိုယ်စားလှယ်လောင်းက သုံးသပ်ပြောပါတယ်။

ဖာပွန်မြို့နယ်မှာ အမှတ် ၁ နဲ့ အမှတ် ၂ မဲဆန္ဒနယ်ရှိပြီး အစိုးရတပ်မ တော် တပ်ရင်းတပ်ဖွဲ့တွေ အင်အားများတဲ့အတွက် အနိုင်ရဖို့ မလွယ်လှဘူးလို့ ဖာပွန်ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဦးစောဇော်ဝင်းက ပြောပါတယ်။

“မဲပေးပိုင်ခွင့်ကကျနော်တို့ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ အရင်တခေါက်မဲ့စာရင်းကပ်တုန်းက ဖာပွန်မှာက၃ ထောင်ကျော်ကျော်ပဲရှိတယ်။ ပြည်သူလူထုရဲ့မဲဆန္ဒရှင်စာရင်းပေါ့နော်။ သူတို့တပ်ရဲ့မဲစာရင်းကတော့ သူတို့ မထုတ်ပြန်သေးဘူး။ တပ်ကလည်းတပ်ရင်း ၄ ရင်းရယ်၊ ၁ ဗျူဟာရယ်၊ အကုန်လုံး ၆ ရင်းစာလောက်ရှိတာပေါ့။ ကျနော်ထင်တာ သူတို့မှာ ၂ ထောင်ကျော်လောက်ရှိမယ်။ နောက်ပြီးတော့ သူတို့ရဲ့ ၀န်ထမ်းတွေဘာတွေနဲ့ ပြည်ခိုင်ဖြိုးတို့ တခြားပါတီတွေရဲ့ အင်အားနဲ့ဆိုရင်လည်း ကျနော်တို့ တော်တော် ခက်ခက်ခဲခဲနဲ့ ကျော်ဖြစ်ရမယ်”

ဒါ့အပြင် ကမမောင်းဘက်မှာလည်း မဲဆန္ဒရှင်ပြည်သူ ၁ သောင်းကျော်ရှိပေမယ့် နယ်ခြားစောင့်တပ်၂ တပ်ရှိတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကြိုတင်မဲနဲ့ ပေးသွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ဖာပွန်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီက ကိုယ်စားလှယ်လောင်းတွေ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013