DVB Logo
Home
မြန်မာသတင်း
သုတေသနလုပ်ရန် ဝေလငါးနှာရည် ယူပေးမည့် ဒရုန်းယာဉ် (ရုပ်သံ)
DVB
·
September 16, 2015
သုတေသနလုပ်ရန် ဝေလငါးနှာရည် ယူပေးမည့် ဒရုန်းယာဉ် (ရုပ်သံ)
Donate to DVB

Snotbot နဲ့ တွေ့လိုက်ကြရအောင်ပါ။ ဒီဒရုန်းကတော့ အထူးသဖြင့် ဝေလငါးရဲ့နှပ်တွေ လိုက်သိမ်းပေးတဲ့အတွက် နာမည်နဲ့ လိုက်ဖက်လှပါတယ်။ ဒီနေ့ခေတ်ထိ ဝေလငါး သုတေသန လုပ်ရာမှာ မြားတွေကို ခန္ဓာကိုယ်ထဲ ဖောက်ဝင်အောင် ပစ်သွင်းနေရဆဲပါ။ ဒါပေမယ့် Ocean Alliance (အိုရှင်း အလိုင်းယန့်စ်) အဖွဲ့မှ အီယန်ကားကတော့ ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့နည်းတွေ ရှိတယ်လို့ ဆိုပါတယ်။ အသားစ နမူနာယူဖို့ ဝေလငါးတွေကို မြားနဲ့ပစ်မယ့်အစား အမှတ်တမဲ့ မှုတ်ထုတ်လိုက်တဲ့ နှာရည်တွေကို ဒရုန်းနဲ့ လက်ခံရယူမှာ ဖြစ်ပါတယ်။

"ဝေလငါးရဲ့နှာရည် ဒါမှမဟုတ် မှုတ်ထုတ်လိုက်တဲ့ထွက်သက်က သုတေသန လုပ်ငန်းအတွက် ရွှေပဲ။ စိတ်ကူးကတော့ ဝေလငါးရဲ့ မျိုးဗီဇအချက်အလက်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကိုယ်ဝန်ဟော်မုန်း၊ စိတ်ဖိအားနဲ့ဆိုင်တဲ့ ဟော်မုန်းတွေကို ဝေလငါး မသိစေဘဲ ရယူနိုင်တာကြောင့်ပါ။"

စဦးပိုင်း ရန်ပုံငွေကောက်ခံရာမှာ အမေရိကန်ဒေါ်လာ ၂ သိန်း ၃ သောင်းကျော်တန်တဲ့ ကားဟာ အာဂျင်တီးနားကမ်းလွန် ပင်လယ်ပြင်က ရိုက်ဝေလငါးတွေကို လေ့လာဖို့ Snotbot ဒရုန်းအုပ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် တပ်ဖြန့်ဖို့ စီစဉ်နေပါပြီ။ မန်ဆာချူးဆက်ပြည်နယ်က ဂလောက်ဆက်စတာမှာလည်း ကားက သူ့ရဲ့ ဒရုန်းပျံသန်းမှု စွမ်းရည်တွေကို ပြည့်စုံအောင် အားထုတ်နေပါတယ်။ သူ့အဖွဲ့က Snotshot ဆိုတဲ့ ဝေလငါးရဲ့ လေပေါက်စနစ်အတုကို တည်ဆောက်ခဲ့ပါတယ်။

"ဝေလငါးပေါ် ၁၂ ပေအမြင့်ကို ရောက်ပြီဆိုတာနဲ့ နှာပေါက်နဲ့တည့်အောင် ကင်မရာကို လှည့်ချိန်ပြီး နှာပေါက်ကို ကြည့်ပါမယ်။ ဒါဆိုရင် နှာရည်တွေ မှန်ဘီလူးဆီ လာစင်တာကို တွေ့ရမှာပါ။"

သုတေသနပညာရှင်တွေဟာ ဒရုန်းနဲ့ တွဲဖက်တပ်ဆင်နိုင်တဲ့ နှာရည်စုဆောင်းရေး ကိရိယာ အမျိုးမျိုးကို တီထွင်နေကြဆဲပါ။

"တခုကတော့ စုပ်အားကောင်းပြီး ဒဏ်ခံနိုင်တဲ့ရေမြှုပ်ပါ။ ကျနော်တို့က တခုတည်းဖြတ်ပျံပြီး နှာရည်ကို စုပ်ယူမှာပဲ။ ဖြတ်ပျံနေတဲ့တလျှောက် ခဏခဏ အမှုတ်ခံနေရမှာဆိုတော့ ဒီလို ဒဏ်ခံနိုင်တဲ့ ရေမြှုပ်မှ အဆင်ပြေမှာပါ။"

မှုတ်ထုတ်လိုက်တိုင်း နှာရည်အမျိုမျိုးဆီက ကြွယ်ဝတဲ့ အချက်တွေ ပိုရလာမှာပါ။ ဒီအချက်အလက်တွေဟာ ကောက်ယူဖူးသမျှထဲမှာ အရေးအပါဆုံးပဲလို့ ကားက ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ စီးပွားဖြစ် ငါးဖမ်းခြင်းတွေဟာ ဝေလငါးတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဝေလငါးတွေကို ကောင်းကောင်း အကွယ်ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013