DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ မြင်တွေ့ရသည့် ဥက္ကာပျံ အပိုင်းအစ ၆၆ တန် အလေးချိန်ရှိ
DVB
·
September 15, 2015
ထိုင်းနိုင်ငံမှ မြင်တွေ့ရသည့် ဥက္ကာပျံ အပိုင်းအစ ၆၆ တန် အလေးချိန်ရှိ
Donate to DVB

ပြီးခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံ နေရာအတော်များများကနေ တွေ့မြင်ခဲ့ကြရတဲ့ ဥက္ကာပျံ အပိုင်းအစဟာ အလေးချိန် ၆၆ တန်ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နာဆာ (အမေရိကန်နိုင်ငံ အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာန)ရဲ့ မှတ်တမ်းကို ကိုးကားပြီး ထိုင်းနိုင်ငံ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဌာနလက်အောက်ခံ ထိုင်းအမျိုးသား နက္ခဗေဒဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဆရန်းပို ဆယဂျင်းဒါးက သတင်းထောက်တွေ ကို ပြောခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၈ နာရီ မိနစ် ၄၀ အချိန် ထိုင်းနိုင်ငံ ခရိုင်အတော်များများ အထူးသဖြင့် ကန်ကျနပူရီခရိုင်ကနေ တွေ့မြင်ခဲ့ရတဲ့ အလင်းတန်းပေါက်ကွဲမှုကြီးဟာ ပမာဏ ၄ စတုရန်းမီတာနဲ့ အလေးချိန် ၆၆ တန်ရှိ ဥက္ကာပျံအပိုင်းအစဖြစ်ပြီး ကမ္ဘာလုံးရဲ့ အာကာ သလေထုကို ၀င်တိုက်မိတာလို့ ဒေါက်တာ ဆရန်းပိုက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဥက္ကာပျံရဲ့ အရှိန်ဟာ ၁ နာရီကို ၇၅၆၀၀ ကီလိုမီတာနှုန်းရှိပြီး ဂျပန်ပြည် ဟီရိုရှီးမားမှာ ပေါက်ကွဲခဲ့တဲ့ အနုမြူဗုံးရဲ့ လေးပုံတစ်ပုံ ပေါက်ကွဲအားရှိကြောင်း၊ ကမ္ဘာမြေပြင်မှ  ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင် ထိုင်းယုဒ်မြို့နယ် ထိုင်းယုဒ်အမျိုးသားဥယာဉ်ရဲ့ အထက်  ၂၉ ဒသမ ၃  ကီလိုမီတာအကွာမှာ ပေါက်ကွဲခဲ့တာလို့  ဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုရဲ့ ပြန့်ကျဲမှုအ၀န်းအ၀ိုင်းမှာ ကီလိုမီတာ ၃၀ ရှိတဲ့အတွက် ကန်ကျန ပူရီမြို့နယ်ထဲမှာ ပေါက်ကွဲတဲ့အပိုင်းအစတွေ ရှိကောင်းရှိမယ်လို့ ဒေါက်တာဆရန်းပိုက ခန့် မှန်းပြောဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ ဒီနှစ်အတွင်း ဥက္ကာပျံပေါက်ကွဲမှုတွေမှာ အကြီးဆုံးဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် ထိတ်လန့်ရန် မလိုကြောင်း၊ အာကာသမှာ ဥက္ကာပျံတွေ အမြဲလို ကြွေကျလေ့ရှိပြီး အများအားဖြင့် ညအချိန်နဲ့ လူသူမနီးတဲ့ တောတောင်တွေထဲ၊ မဟာသမုဒ္ဒရာရေပြင်ထဲ ကျသွားတာကြောင့် လူတွေ မသိလိုက်တာလို့  ဒေါက်တာဆရန်းပိုက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013