DVB Logo
Home
မြန်မာသတင်း
တရုတ်ဘဏ် ကိုယ်စားလှယ်ရုံး ရန်ကုန်တွင်ဖွင့်လှစ်
DVB
·
September 15, 2015
တရုတ်ဘဏ် ကိုယ်စားလှယ်ရုံး ရန်ကုန်တွင်ဖွင့်လှစ်
Donate to DVB

တရုတ်နိုင်ငံ အစိုးရပိုင် အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေထဲက တခုဖြစ်တဲ့ တရုတ်ဘဏ် (Bank of China) ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ဘဏ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မှုဟာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်နိုင်စေဖို့နဲ့ ငွေကြေးစနစ် ဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူး ရလာနိုင်မှာ ဖြစ်တယ်လို့ အခမ်းအနား တက်ရောက်လာသူတွေက ပြောပါတယ်။

တရုတ်ဘဏ်ဟာ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ငွေကြေးချေးသူဘဏ်နဲ့ ကမ္ဘာ့ပဉ္စမအကြီးဆုံး ငွေကြေးဈေးကွက် အရင်းအနှီး ဘဏ်တခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

တရုတ်ဘဏ် ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့မှာ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဘဏ်ခွဲဖွင့်လှစ်ပြီး တပတ်အကြာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေစိုက် ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားတဲ့ နိုင်ငံခြားဘဏ်ခွဲ ၄၃ ခုထဲမှ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဘဏ်အပါအ၀င် ဘဏ်ခွဲ ၉ ခုဟာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတည်းက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရထားခဲ့တာပါ။

ဘဏ်တခုအနေနဲ့ ဖွင့်လှစ်ခွင့် လျှောက်ထားတဲ့အခါ အဲဒီဘဏ်ခွဲမဖွင့်ခင် ကိုယ်စားလှယ်ရုံးခွဲကို အရင်ဖွင့်လှစ်ရတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၅ ခုနဲ့ အစိုးရဘဏ် ၄ ခု ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013