DVB Logo
Home
မြန်မာသတင်း
Human Rights Tulip ဆုအတွက် မဖြိုးဖြိုးအောင် မဲအများဆုံးဖြင့် ဦးဆောင်
DVB
·
September 14, 2015
Human Rights Tulip ဆုအတွက် မဖြိုးဖြိုးအောင် မဲအများဆုံးဖြင့် ဦးဆောင်
Donate to DVB

နယ်သာလန်နိုင်ငံခြားရေးဌာနက ၂၀၁၅ အတွက် ပေးအပ်မယ့် Human Rights Tulip ဆုအတွက် အွန်လိုင်းကနေ ဆန္ဒမဲပေးနေရာမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မဲအများဆုံးနဲ့ ဦးဆောင်နေပါတယ်။

မဖြိုးဖြိုးအောင်က စက်တင်ဘာ ၁၃ ရက်နေ့အထိ မဲပေါင်း ၂ သောင်း ၆ ထောင်ကျော်နဲ့ ဦးဆောင်နေပြီး အာဖဂန်နစ္စတန်က ပညာရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ ကျောင်းဆရာ အဇီဇူလာခ်ျ ရွန်ရက်စ် (Azizullah Royesh) က မဲပေါင်း ၁ သောင်း ၄ ထောင် ၅ ရာကျော်နဲ့ ဒုတိယနေရာမှာ လိုက်နေပါတယ်။

အီရန်က သတင်းထောက် မာဇီရာ ဘဟာရီကလည်း မဲပေါင်း ၁ သောင်း ၄ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Human Rights Tulip ဆု နာမည်စာရင်းကို အွန်လိုင်းကနေ စက်တင်ဘာ ၁၆ ရက်နေ့မှာ မဲပေးတာတွေ ပြီးဆုံးမှာပါ။

မဖြိုးဖြိုအောင်ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ တောင်းဆို လှုပ်ရှားခဲ့မှုကြောင့် ဖမ်းဆီးခံနေရပါတယ်။

Human Rights Tulip ဆုရွေးချယ်ခံရတဲ့သူဟာ ယူရိုငွေ ၁ သိန်း ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013