DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးပါတီ (မွန်) မဲဆွယ်စည်းရုံးမှု စတင်
DVB
·
September 14, 2015
အမျိုးသမီးပါတီ (မွန်) မဲဆွယ်စည်းရုံးမှု စတင်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီတခုဖြစ်တဲ့ အမျိုးသမီးပါတီ (မွန်) အနေနဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက ရွေးကောက်ပွဲဝင်ပြိုင်မယ့် နေရာတွေမှာ လက်ရှိ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အမျိုးသမီးပါတီ (မွန်) အနေနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အမျိုးသားလွှတ်တော် နေရာအတွက် မိနီနီလွင်၊ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် မိမိုးမိုးခိုင်၊ သံဖြူဇရပ်မှာ အမျိုးသားလွှတ်တော်အတွက် မိလယိုင်မွန် (ခေါ်) မိသန်းရှင်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်အတွက် မိမြင့်သန်းတို့ မဲဆန္ဒနယ် ၄ ခုမှာ အသီးသီး ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမျိုးသမီးပါတီ (မွန်) အနေနဲ့ အမျိုးသမီးကိစ္စတွေကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်သလို လွှတ်တော်မှာ အနိုင်ရခဲ့ရင်လည်း အမျိုသားတွေ မလုပ်နိုင်တဲ့ အမျိုးသမီးရေးကိုပဲ လုပ်ဆောင်မယ်လို့ ပါတီဥက္ကဋ္ဌ မိလယိုင်မွန်က ပြောပါတယ်။

“ဥပမာ ကျမတို့က လွှတ်တော်ထဲ ရောက်သွားလို့ရှိရင် အမျိုးသားတွေ မလုပ်နိုင်တဲ့ အမျိုးသမီးကဏ္ဍတွေကို ကျမတို့ ဦးစားပေးလုပ်ပေးသွားမယ်။ နောက်ပြီးတော့ ဘာတွေ လုပ်သွားပေးရမယ်ဆိုတာ ကိုယ့်နိုင်ငံမှာ ကိုယ်တယောက်တည်း လုပ်လို့ရတဲ့ကိစ္စမှမဟုတ်တာ၊ အများနဲ့လုပ်ရမှာဆိုတော့ တိုင်ပင်ကြမှာပေါ့။ ဒါမှ အဖြေတခု ပေါ်လာမှာပေါ့။ အဲဒီအချိန်ကျမှ ဘာတွေလုပ်ပေးရမလဲဆိုတော ပြောနိုင်လိမ့်မယ်။ အမျိုးသမီးကဏ္ဍကို အထိပြုပဲ။ ကျန်တာကတော့ ကိုယ်နိုင်ငံမှာလုပ်နေကျ အမျိုးသားတွေနဲ့ တန်းတူလုပ်ဆောင်သွားမယ်။”

အမျိုးသမီးပါတီ (မွန်) ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ အမျိုးသမီးပါတီ ထူထောင်ခွင့်ပေးဖို့ လျှောက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က နာမည်ပြောင်းပေးဖို့ တောင်းဆိုခဲ့ရာမှာ အမျိုးသမီးပါတီ (မွန်) ဆိုပြီး ပြန်ပြောင်းလျှောက်ခဲ့ပါတယ်။

အမျိုးသမီးပါတီ (မွန်) အနေနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တခြားမွန်ပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိသလို ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအပြင် တခြား တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013