DVB Logo
Home
မြန်မာသတင်း
မဲစာရင်း မဖြစ်မနေ သွားကြည့်ကြရန် တိုက်တွန်း
DVB
·
September 13, 2015
မဲစာရင်း မဖြစ်မနေ သွားကြည့်ကြရန် တိုက်တွန်း
Donate to DVB

စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ကော်မရှင်က ၂ ပတ်ကြာ ထုတ်ပြန်ပေးထားမယ့် မဲစာရင်းဟာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအတွက် မဲပေးနိုင်ရေး နောက်ဆုံးအခွင့်အရေးဖြစ်လို့ မဖြစ်မနေ သွားကြည့်ကြဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

မဲစာရင်းမှာ ကိယ့်နာမည်ပါမှ မဲပေးခွင့်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာမို့ မဲစာရင်းမှာ နာမည် ပါမလာရင် မဲပေးခွင့်ဆုံးရှုံးမှာ ဖြစ်တာကြောင့် အခုလို တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

မဲစာရင်းစောင့်ကြည့်နေတဲ့ မေတာကမ်ပိန်းက ဦးညီညီကျော်က လာမယ့် ၁၄ရက်မှာ မဲစာရင်းပါအောင် မလုပ်နိုင်ဘူးဆိုရင် မဲပေးခွင့် ဆုံးရှုံးမယ်လို့ အသိပေး ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေဟာ အကြိမ်ကြိမ် မျှော်လင့်ချက် ကင်းမဲတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့တဲ့အတွက် ယုံကြည်မှု အတိုင်းအတာ နည်းနေပါတယ်။ ဒါပေမယ့် ကျန်ေတို့ လူမျိုးရဲ့ ထုံးစံအတိုင်းပဲ ပွဲနီးလာချိန်မှာ စိတ်ဝင်စားမှု မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီ ၁၄ ရက်မှာ မဲစာရင်း ပါအောင် မလုပ်နိုင်ဘူးဆိုရင် မဲပေးခွင့်ပါ ဆုံးရှုံကြဦးမှာ ဖြစ်ပါတယ်။”

မွန်ပြည်နယ်က စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Forward Institute က ဦးသန့်စင်ကတော့ ဒီတကြိမ် မဲစာရင်းမှာ မဲပေးနိုင်သူအရေအတွက် တိုးလားဖို့ရှိတဲ့အကြောင်း ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ မဲစာရင်းကျန်တာတွေ ထပ်မံပြီးဖြည့်စွက်ကြတယ်၊ တချို့နေရာတွေမှာ အများကြီး ကျန်ခဲ့တာတွေ ဖြည့်စွက်ကြတယ်။ ဖြည့်စွက်ကြတဲ့အတွက် လူဦးရေ တိုးလာပါတယ်။ မွန်ပြည်နယ်မှာတင်ပဲ မဲပေးပိုင်ခွင့်ရှိသူ ၄ သိန်းကျော်တိုးလာတယ်၊ အနည်းဆုံးပေါ့နော်။ အဲ့ဒီလိုပဲ ကျန်တဲ့ ပြည်နယ်တိုင်းတွေမှာလည်း တိုးလာပါတယ်။”

နောက်ဆုံး မွန်ပြည်နယ်ကော်မရှင်နဲ့ တွေ့ဆုံခဲ့တုန်းက ပြည်နယ်အတွင်း မဲပေးနိုင်သူ ၄ သိန်းကျော် တိုးခဲ့ပြီး ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ ၁၂ သိန်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင် ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်ရှိပြီး အခု ထပ်တိုးလာတဲ့စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ဦးသန့်စင်က ခန့်မှန်း ပြောပါတယ်။

ကော်မရှင်ဟာ အခြေခံမဲစာရင်းတွေကို မတ်လလောက်ကထဲက ကြေညာပေးခဲ့တာဖြစ်ပြီး အမှးအယွင်းတွေ များလွန်းလို့ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

မဲပေးခွင့်ရှိတဲ့သူတွေက မဲစာရင်းကို စိတ်ဝင်တစားစောင့်ကြည့်ပြီး နာမည်မပါရင် သတ်မှတ်ပုံစံနဲ့ လာရောက်လျှောက်ထားတာမျိုး အားနည်းခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲစာရင်းမှန် ထွက်ပေါ်ရေးအတွက် ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒီတကြိမ် မဲစာရင်းထုတ်ပြန်ကြေညာချိန်ဟာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မဲဆွယ်ချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အရင် အကြိမ်တွေထက်တော့ ပိုပြီး စိတ်ဝင်တစား စောင့်ကြည့်လုပ်ဆောင်ကြမလား မျှော်လင့်နေကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နောက်ဆုံးအကြိမ် မဲစာရင်းတွေကို  စက်တင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်အထိ တနိုင်ငံလုံးအနှံ့ သက်ဆိုင်ရာရုံးတွေမှာ ကပ်ထားပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013