DVB Logo
Home
Lead Story
ရွှေချစ်တဲ့ မြန်မာတွေ
DVB
·
September 13, 2015
ရွှေချစ်တဲ့ မြန်မာတွေ
1 / 6
Donate to DVB

မြန်မာနိုင်ငံ နေရာဒေသအနှံ့ကလည်း ရွှေတွေမကုန်နိုင်မခမ်းနိုင်ထွက်ဆဲ၊ မြန် မာတွေကလည်း ရွှေကို တန်ဖိုးထားမြတ်နိုးဆဲမို့ ရွှေဈေးကွက်ကတော့ တွင်ကျယ်ပါတယ်။

မြို့ရွာတိုင်းမှာ ရွှေဆိုင်တွေ ရှိကြတယ်။ ရွှေဆိုင်တိုင်းလိုလိုမှာ ၀ယ်သူ၊ ရောင်းသူတွေနဲ့ အမြဲလိုလို စည်ကားနေတာ မြင်နိုင်ပါတယ်။ နာမည်ကြီး ရွှေဆိုင်တွေမှာဆိုရင် ဟင်းရွက်ကန်စွန်း ရောင်းဝယ်နေကြတာလား ထင်ရလောက်အောင် လူတွေ ကြိတ်ကြိတ်တိုးနေပါတယ်။

[caption id="attachment_111929" align="aligncenter" width="771"]ရွှေသန့်စင်တဲ့ ရွှေလှော်ဖို ရွှေသန့်စင်တဲ့ ရွှေလှော်ဖို[/caption]

အစဉ်အဆက် ရွှေတွေထွက်ခဲ့တဲ့စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် ချစ်တွင်းမြစ်တရိုးကလည်း ရွှေတွေ မကုန်နိုင်မခန်းနိုင်ထွက်နေဆဲ ဖြစ်ပါတယ်။ မန္တလးတိုင်းက သပိတ်ကျင်း၊ စဥ့်ကူး၊ ရမည်းသင်း ရွှေတောတွေကလည်း ရွှေတွေက တူးဖော်ထုတ်ယူလို့ မကုန်အောင်ပဲ ထွက်နေဆဲပါ။ ကချင်ပြည်နယ်ဘက်၊ တနင်္သာရီတိုင်းဘက်၊ ရှမ်းပြည်ဘက်နဲ့ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်၊ သံတောင်၊ ကျောက် ကြီးဘက်ကလည်း ရွှေလုပ်ကွက်သစ်တွေ ထပ်မံပေါ်ထွက်လာနေတယ်။ အချို့ဒေသတွေမှာဆိုရင် ရွှေတွေ အတုံးအခဲအဖြစ်နဲ့ရရှိကြတယ်။ ကချင်၊ ရှမ်း၊ တနင်္သာရီနဲ့ ပဲခူးတိုင်းရွှေကွက် ရပ်သစ်တွေမှာတော့ လုံခြုံရေးက အားနည်းတယ်။ ရွှေ တူးဖော်ထုတ်လုပ်သူတွေက နှစ်ဘက်ဆက်ကြေးပေးပြီးမှ လုပ်ရတာကြောင့် စရိတ်စကကြီးတယ်။ မထင်ရင် မထင်သလို အနှောင့်အရှက်တွေကလည်းရှိတော့ စနစ်တကျ အခြေချလုပ်ကိုင်လို့ မရဘူးလို့ ဆိုတယ်။

[caption id="attachment_111930" align="alignright" width="343"]ကြိုထားတဲ့ ရွှေရည်တွေကို ပြန်လည်အအေးခံစဉ် ကြိုထားတဲ့ ရွှေရည်တွေကို ပြန်လည်အအေးခံစဉ်[/caption]

မြန်မာ့မြေထဲမှာ ရွှေတွေ က ရွှေကြောကြီးတွေအဖြစ်နဲ့ တည်ရှိနေပါတယ်။ ဒါကို ရွှေမုဆိုးတွေက ရှာဖွေ တူးဖော်ယူတယ်။ မြေထဲက တူးဖော် ကျင်ယူခါစရွှေတွေက မ သန့်စင်သေးဘူး။သတ္ထု အမျိုးစုံ ရောနှောပါဝင်ဆဲဖြစ်တယ်။ ဒါကိုရွှေလှော်ဖိုလို့ ခေါ်တဲ့ နေရာတွေ မှာ ရွှေနဲ့ ရောနှောနေတဲ့ သတ္တုတွေကို ငရဲမီးစားပြီး ဖယ်ထုတ်သန့်စင်ပါတယ်။ သန့်စင်ပြီးတဲ့ ရွှေတွေကို သန့်စင်မှုအလိုက် ၁၆ ပဲရည်၊ ၁၅ ပဲရည်၊ ၁၄ ပဲရည် စသဖြင့်ခေါ်တယ်။

ရွှေသန့်စင်ဖိုတွေကို သွားပြီးလေ့လာရင် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ သတ္တုအချို့ရောပါနေတဲ့ ရွှေအ ရိုင်းတွေကို လုံထဲမှာ မီးပြင်းပြင်းနဲ့ကြို၊ မလိုလား တဲ့ သတ္တုတွေကို ဖယ်ထုတ်ပစ် တယ်။ မြန်မာ့နည်းမြန်မာ့ ဟန်နဲ့ ရွှေကိုသန့်စင်ရာမှာ ၉၉.၉၉ ရာခိုင်နှုန်းလောက် သန့်စင်တဲ့ရွှေကို ရနိုင်ပါတယ်။ သန့်စင်ထားတဲ့ ရွှေကို အတုံး အခဲအဖြစ် ပုံလောင်းတယ်။

လူတွေက ရွှေကို အဆင်တန်းဆာအဖြစ် ဆင်မြန်းလိုကြတယ်။ ဒါကြောင့် ရွှေပန်း ထိမ်တွေက သန့်စင်ထားတဲ့ ရွှေတုံးရွှေခဲတွေနဲ့လက်ဝတ်လက်စား ရွှေထည်တွေကို ဖန်တီးတယ်။

ရွှေအရောင်းအ၀ယ်ဈေးကွက်မှာ အသွင်နှစ်မျိုးနဲ့ အရောင်းအ၀ယ်ဖြစ်တယ်။ တမျိုးကတော့ ဆင်မြန်းစရာ လက်ဝတ်လက်စားအဖြစ် လုပ်ထားတာကို ၀ယ်ယူဝတ်ဆင်တာပါ။ မြန်မာတွေက ရွှေကို ‘မရှိဝမ်းစာ၊ ရှိတန်ဆာ’ လို့ သဘောထားကြတယ်။ ငွေပို ငွေလျှံရှိရင် ၀တ်ဆင်ဖို့ ရွှေထည်လက်ဝတ်လက်စားတွေကို ၀ယ်ယူကြတယ်။ မြန်မာပြည် က တောင်သူလယ်သမားများတယ်။ ဒါကြောင့် ကောက်ပဲသီးနှံပေါ်တဲ့အချိန်မှာ ရွှေဆိုင်တွေ အရောင်းရပိုလေ့ရှိတယ်။

[caption id="attachment_111931" align="aligncenter" width="771"]ရွှေဆိုင် ရွှေဆိုင်[/caption]

ဝါလကင်းလွတ် သီတင်းကျွတ်လလောက်ဆိုရင် ပဲ၊ နှမ်း၊ စပါး ကောက်ပဲသီးနှံ စ ပေါ်တယ်။ ပွဲလမ်းသဘင်တွေ များလာပြီ။ ရွှေဆိုင်တွေ ရောင်းအားတက်တယ်။ သင်္ကြန်ပြီးနောက် ကဆုန်နယုန် မိုးသံလေသံကြားလာပြီဆိုရင် တောင်သူလယ်သမားတွေ စိုက်ကြပျိုးကြ လုပ်ငန်းခွင်ဝင်ရ စရိတ်စကလိုလာကြတော့ လက်ဝတ်လက်စား ရွှေထည်တွေ ပြန်ရောင်းကြတယ်။ ဒါက နှစ်စဉ် လည်ပတ်မြဲသံသရာပါ။ ဈေးကွက်ရဲ့ သဘာဝက ၀ယ်လိုအားများရင် ဈေးတက်တယ်၊ ရောင်းလိုအားများရင် ဈေးကျတယ်။ ဒါပေမယ့် ရွှေဈေးက တောင်သူလယ်သမားတို့ရဲ့ ၀ယ်လိုအား ရောင်းလိုအားတခုတည်းကို မူမတည်ဘူး။

မြန်မာ့ရွှေဈေးက မြန်မာ့နိုင်ငံရေး တိမ်သလ္လာဖုံးတာအပေါ်မှာလည်းတည်တယ်။ နိုင်ငံရေး ရုတ်ရုတ်ရုတ်ရုတ် လုပ်ရင် ရွှေဈေးတက်တယ်။ လူတွေက ခံရဖန်များတော့ လက်ထဲ ကျပ်ငွေကိုင်မထားချင်ဘူး။ ရုတ်ရုတ်ရုတ်ရုတ် ဆိုရင် ရွှေပြေးဝယ်ကြတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဆိုတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေ ရွှေစီးကြောင်းရှိတယ်။ မြန်မာနိုင်ငံထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီးရွှေဈေး တက်ရင် တရုတ်၊ ထိုင်းနိုင်ငံတွေက ရွှေတွေ နယ်စပ်ဖြတ်ကျော်ကာ စီးဝင်လာပါတယ်။

ရွှေအရောင်းအ၀ယ်က အခြားနိုင်ငံတွေနဲ့ပါ ဆက်စပ်နေတာကြောင့် အမေရိ ကန်ဒေါ်လာဈေးတက်ရင် ရွှေဈေးတက်လေ့ရှိတယ်။ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေ ဈေးလည်းကြွတယ်။

[caption id="attachment_111932" align="aligncenter" width="771"]ရွှေဆိုင် ရွှေဆိုင်[/caption]

ရွှေကို အလုံးအရင်းနဲ့ ရောင်းကြ၀ယ်ကြတာကတော့ လက်ဝတ်ရတနာတွေကို မဟုတ်ပါဘူး။ ရွှေချောင်း အတုံးအခဲတွေကို လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေ ဈေးတက်လို့ပဲဖြစ်ဖြစ် နိုင်ငံရေး ရုတ်ရုတ်ရုတ်ရုတ်ကြောင့်ဖြစ်ဖြစ် ဒေါ်လာဈေးတက်လို့ ဖြစ်ဖြစ် ရွှေဈေးတက်ရင်တော့ ကျွဲကူးရေပါ လက်ဝတ်လက်စားရွှေတွေလည်း ဈေးတက် တာပါပဲ။

[caption id="attachment_111933" align="aligncenter" width="771"]တူးဖော်ရရှိတဲ့ ရွှေအရိုင်းကို ရွှေတောက ရွှေဆိုင်မှာ လာသွင်းသူတစ်ဦး တူးဖော်ရရှိတဲ့ ရွှေအရိုင်းကို ရွှေတောက ရွှေဆိုင်မှာ လာသွင်းသူတစ်ဦး[/caption]

မြန်မာ့ရွှေလောကမှာ ရွှေလှိုင်းစီးနေသူတွေလည်း ရှိတယ်။ သူတို့က ရွှေဈေး ကျရင်ဝယ် တွက်ချေကိုက်ရင် ပြန်ရောင်းလုပ်ပြီး အကျိုးအမြတ်ဖန်တီးကြတာပါ။ ဘာကိုမျှ ကံသေကံမ ပြောမရပေမယ့် စတော့ရှယ်ယာ ဈေးအတက်အကျနဲ့ အကျိုးရှာသူ တွေလိုပဲ အပင်ကောင်းမိအောင် ဖမ်းတတ်ပြီး ရွှေလှိုင်းစီးသူတွေလည်း အလုပ်ဖြစ်ကြပါတယ်။

ကျော်ရင်မြင့်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013