DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်
DVB
·
September 13, 2015
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ စက်တင်ဘာ ၁၂ ရက်နေ့ ည ၆ နာရီ တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မုန်တိုင်းငယ်ဟာ အနောက်မြောက်ယွန်းယွန်းဘက်ဆီကို ဦးတည်ရွေ့လျှားကာ နောက်(၇၂-၉၆) နာရီအတွင်း အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ နောက် (၄၈-၇၂) နာရီအတွင်း လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013