DVB Logo
Home
မြန်မာသတင်း
ပြည်ပမှ မဲပေးခွင့်လျှောက်ထားသူ ၂ သောင်းခန့်ရှိပြီ
DVB
·
September 12, 2015
ပြည်ပမှ မဲပေးခွင့်လျှောက်ထားသူ ၂ သောင်းခန့်ရှိပြီ
Donate to DVB

ပြည်ပကနေ ကြိုတင်မဲပေးမယ့် လူဦးရေ ၂ သောင်းဝန်းကျင်အထိရှိနေပြီး စင်ကာပူနိုင်ငံက အများဆုံးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦး က ပြောပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား မဲပေးခွင့်ရှိသူတွေအနေနဲ့ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ကြိုတင်မဲပေးဖို့အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးတွေကနေတဆင့် လျှောက်ထားနေကြပြီး အခုချိန်အထိ လူဦးရေ ၂ သောင်းဝန်းကျင်အထိ ရှိနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ဒီဗွီဘီ ကို ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေခဲ့တဲ့ မြန်မာနိုင်ငံသားမဲပေးခွင့်ရှိသူတွေအနေနဲ့ ကြိုတင်မဲပေးဖို့ လျှောက်ထားခဲ့ရာမှာ စင်ကာပူနိုင်ငံက အများဆုံးဖြစ်နေပြီး တောင်ကိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကက ဆိုပါတယ်။

ကြိုတင်မဲပေးမယ့် ပြည်ပကို ရောက်နေတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးတွေမှာ ပုံစံ ၁၅ မှာ ဖြည့်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီလိုပေးပို့ဖို့အတွက် အရင်က သြဂုတ်လ ၂၁ ကို သတ်မှတ်ပေးထားပေမယ့် ကြိုတင်မဲပေးတဲ့သူ ၂ သောင်းလောက်ရှိလာတဲ့အတွက် သက်မှတ်ရက်ကို စက်တင်ဘာ ၂၀ ရက်နေ့အထိ ထပ်တိုးပေးခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ နိုင်ငံပြင်ပမှာရောက်နေတဲ့ သံတမန်တွေ၊ ပညာတော် သင်တွေနဲ့ မိသားစုဝင်တွေ၊ အစိုးရရဲ့ခွင့်ပြုချက်နဲ့ နိုင်ငံပြင်ပရောက်ရှိနေတဲ့ သူတွေသာ မဲပေးခွင့်ရမှာဖြစ်ပြီး တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ မဲပေးခွင့်ရမှာလည်း မဟုတ်ပါဘူး။

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ မဲဆန္ဒနယ် ၁၁၇၁ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၆၁၈၉ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013