
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရုရှားရဲ့ အယောင်ပြ ရေနံတင်သင်္ဘောအုပ်စုကို ဗြိတိသျှ လက်နက်ကိုင်တပ်ဖွဲ့တွေက ဇွန် ၁၄ ရက်မှာ ကြားဖြတ်တားဆီးခဲ့ပါတယ်
SMYRTOS သင်္ဘောပေါ်ကို ဗြိတိန်တော်ဝင်ရေတပ်ကွန်မန်ဒိုတွေနဲ့ အမျိုးသားရာဇဝတ်မှုအေဂျင်စီ က အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေက တက်ရောက်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောပါတယ်။
စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေချိန်အတွင်း သင်္ဘောကို တောင်ဘက်ကမ်းရိုးတန်းမှာ ထိန်းသိမ်း ထားပြီး စောင့်ကြည့်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဗြိတိန် ရေပိုင်နက်အတွင်း အကောင်အထည်ဖော်တာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေ နဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ် ကီယာစတာမာက ကြားဖြတ်တားဆီးဖို့ သူကညွှန်ကြားခဲ့တာလို့ ပြောပါတယ်။
စတာမာက “ ဒီအောင်မြင်တဲ့ စစ်ဆင်ရေးဟာ ရုရှားအတွက် နောက်ထပ်ထိုးနှက်ချက်တခုဖြစ်ပြီး ယူကရိန်းမှာ ရုရှသမ္မတ ပူတင်ရဲ့စစ်ပွဲကို အားဖြည့်ပေးနေသူတွေကို ကျနော်တို့က ပုန်းအောင်းခွင့် မပြုဘူးဆိုတာ သတိပေးထားပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။
Source:Reuters










