DVB Logo
Home
မြန်မာသတင်း
ပညာရေး ၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျပ်စစ်မီးကိစ္စ လုပ်ပေးမည်ဟု ဦးရွှေမန်းပြော
DVB
·
September 11, 2015
ပညာရေး ၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျပ်စစ်မီးကိစ္စ လုပ်ပေးမည်ဟု ဦးရွှေမန်းပြော
Donate to DVB

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျပ်စစ်မီးကိစ္စတွေကို ဒေသခံတွေ အားလုံးရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ သူရဦးရွေမန်းက ဖြူးမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁၁ ရက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖြူးမြို့နယ်အတွင်းက ကြူအင်းကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ဦးရွှေမန်းက အခုလို ပြောဆိုခဲ့တာပါ။

“ကျန်းမာရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ လမ်းတံတားကိစ္စ နောက်ပြီးတော့ စိုက်ပျိုးရေးမွေးဖြူရေးမှာ ကနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲကိစ္စ၊ ပြီးလို့ရှိရင် ကျနော်တို့ ဒီကနေ့ အများစု လိုနေတဲ့ လျှပ်စစ်ကိစ္စကို ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပါမယ်။ အဲလို ဆောင်ရွက်တဲ့နေရာမှာ ရသူကရ မရသူကမရ အဲလို မဖြစ်အောင် မျှမျှတတ ဖြစ်ပေါ်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်သွားမယ်။”

၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို ဆုံးရှုံးမခံဘဲ မဲပေးကြဖို့နဲ့ မဲပေးရာမှာ စေတနာမှန်မှန်နဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေအကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့ လူမျိုးကို ရွေးချယ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဦးရွှေမန်းအနေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကေက်ပွဲမှာ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ် ကနေ ၀င်ရောက်ယှဉ်ပြိင်ခဲ့ပြီး လက်ရှိ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သြဂုတ်အတွင်းက ကြံ့ခိုင်ရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခဲ့ရပေမယ့် ပါတီဝင် တယောက်အနေနဲ့တော့ ဆက်ရှိနေပါတယ်။

ပြိုင်ဖက်ပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးသန်းညွန့်က ဦးရွှေမန်းနဲ့ပြိုင်ရမှာဖြစ်တဲ့အတွက် ၂ ဆ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ၂ ဆ ကြိုးစားရမှာပေါ့ဗျာ။ သူက အခြေခံရှိတာကို။ လောလောဆယ် သူတို့ကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ နည်းနည်သက်ဆိုင်တဲ့သဘောမျိုးပေါ့ဗျာ။ ကျနော်ကတော့ ပြည်သူကပဲ အားထားရမှာကိုဆိုတော့ ကျနော်က ရပ်ကြေးတွေကို အထိကထားတယ်ခင်ဗျာ။ ”

ဒါ့အပြင် သူအနိုင်ရခဲ့ရင်လည်း မြို့ရွာ ဖွံ့ဖြိုးရေးအတွက် အဓိက လုပ်ဆောင်မှာဖြစ်ပြီး မြို့ရွာဖွံ့ဖြိုးဖို့အတွက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်ဖို့၊ မြို့ပြကောင်းဖို့ အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ဦးသန်းညွန့်က ပြောပါတယ်။

ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သူရဦးရွှေမန်းအပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဒေါ်နန်းခင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန်းညွှန့်၊ တသီးပုဂ္ဂလအဖြစ် ဦးကိုကိုကျော်နဲ့ ဒေါ်မြတ်နုခိုင်၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီက ဒေါ်နန်းစန်းစန်းယု၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါ်တင်မာဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013