DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ ပြန်မြင့်တက်၊ ဒေသခံများ သတိထားရန် မိုးဇလ ပြော
DVB
·
September 11, 2015
ဧရာဝတီမြစ်ရေ ပြန်မြင့်တက်၊ ဒေသခံများ သတိထားရန် မိုးဇလ ပြော
1 / 6
Donate to DVB

ဟင်္သာတမှာ ဧရာဝတီမြစ်ရေ တကြော့ပြန် မြင့်တက်လာတာကြောင့် မြစ်ကမ်းနံဘေး နေထိုင်သူတွေနဲ့ ကိုင်းစိုက်တောင်သူတွေ သတိထားဖို့ ဟင်္သာတခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို တကြော့ပြန် ကျော်လွန်နေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်သူတွေနဲ့ ကိုင်းစိုက်တောင်သူတွေ သတိထားဖို့ လိုအပ်ကြောင်း ဟင်္သာတခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဆန်း က ပြောပါတယ်။

ဟင်္သာတမြို့မှာ စက်တင်ဘာ ၁ဝ ရက်နေ့ နေ့လယ် ၂ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၃၄၂ စင်တီမီတာ (၄၄ ပေ) ကို ရောက်ရှိပြီး ဧရာဝတီမြစ်ဖျားပိုင်း၊ ချင်းတွင်းပိုင်း ဒေသတွေမှာ စိုးရိမ်ရေအမှတ် အထက်ရောက်ရှိနေတာကြောင့် မြစ်ရေ ဆက်တက်ဖို့ အလားအလာ ရှိနေသေးတယ်လို့ ပြောပါတယ်။

ဟင်္သာတမြို့ဟာ ဧရာဝတီမြစ်နဲ့ ထိစပ်နေပြီး စိုးရိမ်ရေအမှတ် ၁၃၄၂ စင်တီမီတာ (၄၄ ပေ) ကို တကြော့ပြန် ကျော်လွန်ကာ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ၁၃၅၃ စင်တင်မီတာ (၄၄.၆ဝ ပေ) ကို ရောက်ရှိနေပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ တနေ့ ၄ လက်မလောက် မြင့်တက်နေပြီး နောက် ၅ ရက်အတွင်း ဟင်္သာတမြို့ စိုးရိမ်ရေအမှတ်ရဲ့ အထက် ၁ ပေခွဲမှာ တည်ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ရောက်ရှိခဲ့တဲ့ စံချိန်တင်ရေအမှတ် မရောက်ရှိနိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

ဟင်္သာတမြို့မှာ အခုနှစ် ဇူလိုင်လကုန်ပိုင်းက ဧရာဝတီမြစ်ရေ စတင်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေအမှတ် ကျော်လွန်ကာ သြဂုတ်လဆန်းပိုင်းမှာ စံချိန်တင်ရေအမှတ် ၁၄၅၆ စင်တီမီတာ (၄၄.၁၅ ပေ)သို့ ရောက်ရှိခဲ့ပြီး ကျေးရွာအုပ်စု (၂၂)အုပ်စု ရွာခွဲပေါင်း ၁၀၀ ကျော်နဲ့ လူဦးရေ ၄ သောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။

ဟင်္သာတ တာအပြင်ပိုင်းဒေသတွေက ရေဘေးသင့်ပြည်သူတွေကို အနယ်နယ်အရပ်ရပ်က လာရောက်ကူညီထောက်ပံ့နေပြီး ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်စပြုတဲ့ အခုအချိန်အထိ အလှူရှင်အဖွဲ့ လာရောက်လှူဒါန်း ကူညီထောက်ပံ့နေပါတယ်။

ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်တို့မှာ စိုးရိမ်ရေအမှတ် အထက် အသီးသီးကျော်လွန်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - ပြည့်ဖြိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013