DVB Logo
Home
မြန်မာသတင်း
ဒေသတွင်း ပါတီများသဖြင့် ကိုယ်စားလှယ်လောင်းများဟု ကချင်ပါတီပြော
DVB
·
September 11, 2015
ဒေသတွင်း ပါတီများသဖြင့် ကိုယ်စားလှယ်လောင်းများဟု ကချင်ပါတီပြော
1 / 2
Donate to DVB

ဒေသတွင်းပါတီတွေများတဲ့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့လွှတ်တော် အမတ်နေရာ ၀င်ပြိုင်သူ များတာလို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း ဦးဘရန်လီက ပြောပါတယ်။

ပါတီ ၁၂ ခုက ကိုယ်စားလှယ်လောင်း ၁၂ ဦးထိ ၀င်ပြိုင်ကြမယ့် မြစ်ကြီးနားပြည်သူ့ လွှတ်တော်နေရာအတွက် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“၂၀၁၀ တုန်းက ၂ပါတီ ၃ ပါတီပဲ ရှိတာလေ၊ အောက်ပြည်က တက်လာတာ ကျားဖြူနဲ့ အန်ဒီအက်ဖ် ပါတီပဲရှိတယ်၊ အခုက ဒီဒေသမှာကိုက ပါတီတွေက များနေတာ၊ အဲ့ဒါကြောင့်။”

မြစ်ကြီးနားမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စနေပြီဖြစ်ပေမယ့် ကြီးကြီးမားမား မဲဆွယ်တာမျိုး မရှိသေးဘူးလို့လည်း ပြောပါတယ်။

မြစ်ကြီးနားပြည်သူ့လွှတ်တော်နေရာအတွက် ပါတီကြီးတွေဖြစ်တဲ့ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးတို့က ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသတွင်း တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကချင်ပါတီ၊ ရှမ်းနီပါတီ၊ လီဆူးပါတီ၊ ကျားဖြူပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မြစ်ကြီးနာမြို့ခံတဦးဖြစ်တဲ့ ဦးချိုကတော့ ပါတီတွေများပေမယ့် ဒေသခံတွေက မဲပေးရမယ့်ပါတီကို သိပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အမြင်ကတော့ ၂ ပါတီပဲ ရှိတယ်လေ။ အစိုးရပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားပါတီ၊ လယ်ပြင်မှာဆင်သွားသလို ဒီဥစ္စာက ရှင်းနေတဲ့ဟာပဲ။ ဒါတွေက မဲကွဲအောင်လုပ်တယ်ဆိုတာ လူထုက နားလည်ပြီးသားပဲ၊ ကျနော်တို့ ဒီမှာ စစ်တမ်းတွေကောက်ပြီး မေးကြည့်တာပဲလေ၊ အားလုံးက သိုသိုသိပ်သိပ်နေကြပြီး နှစ် ၅၀ လောက် စောင့်ခဲ့ရတာတွေကို ရွေးကောက်ပွဲမှာ မြင်ရမှာပေါ့ဗျာ။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း အနိုင်ရခဲ့တာဟာ မဲမသမာမှုတွေနဲ့ အနိုင်ရခဲ့တာလို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲက မြစ်ကြီးနား အပါအ၀င် တနိုင်း၊ ၀ိုင်းမော်၊ ချီဖွေ၊ ဗန်းမော် စတဲ့ ဒေသတွေက ပြည်သူ့လွှတ်တော်နေရာတွေမှာ အနည်းဆုံး ပါတီ ၈ ခုကနေ ၁၂ ခုရှိပြီး ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013