DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ဖေ့စ်ဘွတ်ခ် ပေါင်းပြီး အကောင့်ရှင်း အရေးယူမည်
DVB
·
September 11, 2015
အစိုးရနှင့် ဖေ့စ်ဘွတ်ခ် ပေါင်းပြီး အကောင့်ရှင်း အရေးယူမည်
Donate to DVB

အစိုးရနဲ့ ဖေ့စ်ဘွတ်ခ် တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲရာသီအတွင်း ဖေ့စ်ဘွတ်ခ်ကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သူများ၊ အမုန်းစကားပြောဆိုသူ အကောင့်များကို ရှင်းထုတ်သွားဖို့ လုပ်ဆောင်နေပြီလို့ သမ္မတရုံးက ပြောပါတယ်။

အချက် ၁၂ ချက်ပါ ဖေ့စ်ဘွတ်ခ်ရဲ့ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများ ပြုစုထားပြီး အဲ့ဒီအချက်တွေကို လိုက်နာမှုမရှိရင် အရေးယူမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်ရုံးခွဲ မြန်မာနိုင်ငံမှာရှိတယ်။ သူတို့နဲ့ ကျနော်တို့နဲ့ နေပြည်တော်မှာတပွဲ၊ ရန်ကုန်မှာတပွဲ လုပ်ထားပြီးပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ community standard တွေပေါ့၊ အဲ့ဒါကို ကာတွန်းတွေနဲ့ ဘာမလုပ်ရဘူး ဆိုတဲ့ဟာတွေ၊ ဖေ့စ်ဘွတ်ခ်ရဲ့ စည်းမျဉ်းအရ ဒီဟာတွေ လုပ်တယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အရေးယူမယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က ရှင်းထားတယ်။”

ပြုစုထားတဲ့ အချက် ၁၂ ချက်ပါ ဖေ့စ်ဘွတ်ခ်ရဲ့ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းတွေကို မီဒီယာတွေထံ ပေးပို့ ဖြန့်ချိသွားမယ်လို့လည်း ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ စံနှုန်းတွေထဲမှာ အကြမ်းမဖက်ရ၊ မခြိမ်းခြောက်ရ၊ အနိုင်မကျင့်ရ၊ မနှောင့်ယှက်ရ၊ အမုန်းစကား မပြောရ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားပါ၊ မူပိုင်ခွင့် အသိရှိပါ၊ ရိုင်းစိုင်းမှုများကို တိုင်ကြားနိုင်သည် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဘလော့ဂါ ကိုနေဘုန်းလတ်ကတော့ အရေးယူတဲ့အခါ ကျောသားရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုမယ်လို့ သုံးသပ် ပြောပါတယ်။

“နာမည်အစစ်နဲ့ သုံးနေတဲ့သူတွေက နည်းနည်းလေးကျွံပြီး ပြောမိတာနဲ့ ဒီလူတွေကို အရေးယူပြီးတော့ ကျန်တဲ့ကိစ္စတွေတော့ သူတို့ လိုက်လို့ မရလို့ပါဆိုပြီး လျှောချသွားတဲ့ ပုံစံမျိုးတွေဖြစ်မှာ စိုးရိမ်တယ်။ တကယ်လုပ်မယ်ဆိုရင် ကျောသားရင်သား ခွဲခြားလို့ မရဘူးဗျ။”

အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့တင် ပူးပေါင်းလုပ်ဆောင်တာမျိုးထက် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါဝင်လုပ်ဆောင်ခွင့် ပေးသင့်တယ်လို့ ပြောပါတယ်။

လတ်တလောမှာပဲ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးရဲ့အကောင့် မှူးဇော်ဖေ့စ်ဘွတ်ခ်ကနေ ဒါရိုက်တာမိုက်တီးကို သတိပေးစာ ရေးတင်ထားတာ တွေ့ရပါတယ်။

သမ္မတရဲ့ ရုပ်ပုံကို အကြမ်းဖက် တိုက်ခိုက်နေဟန် တင်ထားတာနဲ့ ပတ်သက်လို့ သူက မိုက်တီးသို့လို့ အစချီပြီး ခုလို သတိပေး ရေးသားထားပါတယ်။

အကြမ်းဖက် အားပေး လှုပ်ရှားမှုတွေ၊ ရေးသားဖော်ပြမှုတွေကို တည်ဆဲဥပဒေတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူလေ့ ရှိပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ Community Standards လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းတွေမှာလည်း ဒီလိုမျိုး တင်တာမျိုးတွေဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အရေးယူမှာဖြစ်ကြောင်း Facebook Safety Page မှာ ဖော်ပြထားပါတယ်။

နိုင်ငံသားတွေဟာ ဥပဒေနဲ့အညီ လွတ်လပ်ခွင့်တွေကို ရယူခံစားနိုင်ပါတယ်။ (ဥပဒေနဲ့အညီ ဆိုတဲ့ စကားလုံးကို သတိပြုဖို့လိုပါတယ်)။ အလားတူပါပဲ ဥပဒေကို ချိုးဖောက်တယ် ဆိုရင်တော့ ဥပဒေနဲ့အညီ အရေးယူခြင်း ခံရမှာပါပဲ။ ဒါကြောင့်လည်း လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လိုပါတယ်။ ကိုယ့်လုပ်ဆောင်ချက် ကိုယ်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013